May 22, 2018

We ❤️ New Cars!

New Car News in Burmese

Bentley Motor ဟာ ၂၀၁၈ ဇွန်လ ၂၄ ရက်နေ့မှာကျင်းပမယ့် Pikes Peak International Hill Climb ကို ဆုများစွာရရှိဖူးတဲ့ Bentayga SUV နဲ့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Pikes Peak Challenge မှာဝင်ရောက်ယှဉ်ပြိုင်မှုက Bentley Motor အနေနဲ့ ဒါပထမဉီးဆုံးပဲပါ။

Bentayga SUV မှာတော့ 600 bhp (brake horse power) နဲ့ W12-powered ပါဝင်ပါတယ်။ Bentayga နဲ့ ၁၂.၄၂ မိုင်ရှိတဲ့ Colorado Springs တောင်ကြီးကိုတက်မှာပါ။ Bentley အနေနဲ့ အကွေ့အကောက်ပေါင်း ၁၅၆ ပါဝင်တဲ့ တောင်ကို Bentayga နဲ့တက်ဖို့တော့ ဆုံးဖြတ်လိုက်ပါပြီ။

အတွေ့အကြုံမရှိသေးတာရယ်၊ တောင်ရဲ့လမ်းအနေအထားတွေကြောင့် Pikes Peak Challenge မှာပါဝင်မယ့် ကိုတော့ Bentley ရဲ့ motorsport department ကတာဝန်ယူပြင်ဆင်ပေးသွားမှာပါ။ ဒီအစီအစဉ်ကို ဉီးဆောင်သူဖြစ်တဲ့ Brian Gush ဟာတော့ အစီအစဉ်အပေါ်မှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ Brian Gush ဆိုသူကတော့ Bentley Motorsport ရဲ့ ဒါရိုက်တာတစ်ဉီးပါ။

“Since its launch, the Bentayga has set the luxury SUV benchmark with its unique combination of bespoke British craftsmanship, performance and grand touring ability. We hope to set another benchmark at the 2018 Pikes Peak International Hill Climb by conquering the most demanding mountain road course in the world.”
Source :www.bentleymedia.com

ပြိုင်ပွဲနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ ပြိုင်ပွဲဝင်တွေကိုတော့ ပြိုင်ပွဲမစတင်ခင် လအနည်းငယ်မှာ ဖော်ပြသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ Bentayga SUV ရဲ့ စွမ်းရည်ကိုတော့ Pikes Peak Challenge မှာမကြာခင် တွေ့မြင်နိုင်တော့မှာပါ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories