November 19, 2019

We ❤️ New Cars!

New Car News in Burmese

မကြာခင်ရောက်ရှိလာတော့မယ် ကဒ်ဖြင့်ယာဉ်စီးခပေးချေမှုပြုလုပ်ရမယ့်စနစ်ကြောင့် လက်ရှိရန်ကုန်တိုင်းဒေသ YBS ယာဉ်လိုင်းအတွင်းပြေးဆွဲလျက်ရှိနေတဲ့ မီနီဘတ်စ်ကားများကို မြို့ပြင်ပြောင်းရွေ့ပြီး အဲ့နေရာမှာ စီးတီးဘတ်စ်ယာဉ်ကြီးများနဲ့အစားထိုးပြေးဆွဲသွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ ကဒ်နဲ့ယာဉ်စီးခပေးချေရတဲ့စနစ်ဟာ တံခါး ၁ ပေါက်သာပါဝင်တဲ့ YBS မီနီဘတ်စ်တွေအတွက် အခက်အခဲရှိတာမို့အခုလို ဆုံးဖြတ်ရကြောင်းလည်းသိရှိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဉီးက

“မီနီဘတ်စ်ကားတွေကို မကြာခင်မြို့ပြင်နေရာတွေကိုပြောင်းလဲပြေးဆွဲလုပ်သွားမှာပါ။ YBS ကားတွေမှာယာဉ်စီးခပေးတဲ့ ကဒ်စနစ်လုပ်ရင် တံခါးတစ်ပေါက်ပဲပါတဲ့ မီနီဘတ်စ်ကားတွေအတွက်အခက်အခဲရှိတယ်။ အဲ့ကားတွေနေရာမှာ စီးတီးဘတ်စ်ကားတွေနဲ့အစားထိုးပြေးဆွဲပေးမှာပါ။”

လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။

လက်ရှိမှာရန်ကုန်မြို့အတွင်းပြေးဆွဲလျက်ရှိတဲ့ YBS မီနီဘတ်စ်ပေါင်း ၃၀၀ ကျော်အထိရှိနေကြောင်းသိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories