July 17, 2018

We ❤️ New Cars!

New Car News in Burmese

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာပြေးဆွဲနေတဲ့ လိုင်စင်မဲ့ကားတွေနဲ့ နံပါတ်အပွားတပ်ဆင်ထားတဲ့ကားတွေကို အဖွဲ့ ၃၀ ဖွဲ့စည်းပြီး စီမံချက်တွေနဲ့ ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကကြေညာထားကြောင်းသိရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးအကြီးတန်းအရာရှိတစ်ဉီးကလည်း

“ရန်ကုန်မှာလိုင်စင်မဲ့ကားတွေနဲ့ နံပါတ်အပွားတပ်ဆင်ထားတဲ့ကားတွေကို စစ်ဆေးသွားမယ်။ စစ်ဆေးတဲ့ အဖွဲ့ ၃၀ ဖွဲ့ထားတယ်။ တစ်ရက်ကို ၁၀ ဖွဲ့နဲ့လူစည်ကားတဲ့နေရာတွေမှာ ကားတွေကို တားပြီးမှတ်ပုံတင်ထားတဲ့ ကားဟုတ်၊ မဟုတ် စစ်ဆေးဖမ်းဆီးတာတွေလုပ်သွားမယ်။”

လို့ပြောကြားကြောင်းလည်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ကားအစီးရေ ၁၄၉ စီးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ယခု ၂၀၁၈ မှာတော့ နှစ်စကနေ ယခု ဇူလိုင်လအထိကို လိုင်စင်မဲ့ကားအစီးရေ ၁၃၀ ကျော်ကိုဖမ်းဆီးရရှိခဲ့ပြီးပြီဖြစ်တယ်လို့လဲ သိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories