June 21, 2018

We ❤️ New Cars!

New Car News in Burmese

လက်ရှိမှာတော့ တရားမဝင်ယာဉ်မောင်းလိုင်စင်ပြုလုပ်သူ ၁၀ ဉီးကိုဖမ်းဆီးရမိထားပြီး သူတို့ဆီကတဆင့်ပြန့်နေတဲ့ ယာဉ်မောင်းလိုင်စင်အတုကိုင်ဆောင်ထားသူတွေကို “တရားမဝင်ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်မှု” အပြင် “ယာဉ်မောင်းလိုင်စင်ထုတ်လုပ်သူအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု” နဲ့အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဉီးစီးငှာနက ကြေညာထားတယ်လို့ သိရပါတယ်။

အကယ်၍မိတ်ဆွေဟာ ဂျင်းမိသွားပြီး ယာဉ်မောင်းလိုင်စင်အတုလက်ထဲရောက်နေရင်တော့ သက်ဆိုင်ရာ ကညန ရုံးတွေကို အမြန်ဆုံးလာသွားရောက်အပ်နှံရမှာဖြစ်ပါတယ်။ လိုင်စင်အတုကိုမအပ်နှံပဲ ဆက်လက်ကိုင်ဆောင်သွားရင်တော့ အပေါ်ကဖော်ပြခဲ့တဲ့ စွဲချက်နှစ်ခုနဲ့ ထိထိရောက်ရောက်အရေးယူခံရမှာပဲဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်အတုအစစ် ကိုတော့ သက်ဆိုင်ရာ ကညန ရုံးတွေမှာသွားရောက်စစ်ဆေးနိုင်မှာဖြစ်ပြီး လိုင်စင်ဟာအတုဖြစ်တယ်လို့ တွေ့ရှိခဲ့ရင်လည်း အရေးယူသွားမှာမဟုတ်ပဲ သိမ်းဆည်းမှုသာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဉီးစီးငှာနကနေဖြေဆိုအောင်မြင်ပြီး တရားဝင်ရရှိထားတဲ့ ယာဉ်မောင်းလိုင်စင်ကသာ ယာဉ်မောင်းလိုင်စင် အစစ်ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ မိမိရဲ့ယာဉ်မောင်းလိုင်စင်ကို သံသယတစ်ခုခုရှိတယ်ဆိုရင်တော့ ကညန ရုံးတွေမှာ အချိန်မနှောင်းခင်သွားရောက်စစ်ဆေးမှုတွေပြုလုပ်ဖို့ Automyanmar ကတိုက်တွန်းလိုက်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories