September 17, 2019

We ❤️ New Cars!

New Car News in Burmese

ပြည်ပမှတင်သွင်းလာတဲ့ စက်ဆီ၊ ချောဆီတွေကို အခုလာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစတင်ပြီး အကြိမ်တိုင်းအရည်အသွေးစစ်ဆေးသွားမှာဖြစ်တဲ့အကြောင်းနဲ့ အရည်အသွေးမှန်ကန်မှုရှိမှသာ ဖြန့်ချီခွင့်ပေးတော့မှာဖြစ်တယ်လို့ မြန်မာရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းက သြဂုတ်လ ၂၂ ရက်နေ့ နိုင်ငံပိုင်သတင်းစာမှာ အသိပေးကြေညာထားကြောင်း သိရပါတယ်။

ယခင်က မြန်မာရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းဟာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများရဲ့ ပြည်ပမှစက်ဆီ ချောဆီတင်သွင်းမှု ပထမအကြိမ်မှာသာ အရည်အသွေးကိုဓာတ်ခွဲခန်းမှာစစ်ဆေးပြီး မှန်ကန်မှုရှိမှသာထုတ်ယူသုံးစွဲခွင့်ပြုထားပေမယ့် စျေးကွက်ထဲရောက်ရှိနေတဲ့ စက်ချောဆီတွေရဲ့ အရည်အသွေးပိုင်း နှိမ့်ပါးမှုကို သုံးစွဲသူတွေဝေဖန်မှုတွေရှိနေတာကြောင့် အကြိမ်တိုင်းစစ်ဆေးမှုပြုလုပ်ဖို့ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြည်တွင်းသုံးစွဲသူတစ်ဉီးကလည်း

“တကယ်ဆို အရည်အသွေးပိုင်းမပြည့်တဲ့ပြဿနာကြောင့် နောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်နေတယ်။ ၉၂ လို့သာကြေညာပြီးရောင်းနေတာ တကယ်ဆို ဆီက ၉၂ မပြည့်ဘူး။ ဆီအရည်အသွေးမကောင်းလို့ ကားရဲ့ပလပ်တွေ ခဏလေးနဲ့ပျက်ဆီးကုန်တယ်။ ဆီအရည်အသွေးကို သေသေချာချာစစ်ဆေးပေးဖို့လိုပါတယ်။”

ဟုပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အရည်အသွေးပိုင်းကို ထိန်းချုပ်သွားမယ့်အနေအထားမို့ သုံးစွဲသူကျွန်တော်တို့အနေနဲ့ အရင်ကထက် အရည်အသွေးပြည့်မှီလာတဲ့ စက်ချောဆီတွေကို ယုံကြည်မှုရှိရှိအသုံးပြုနိုင်တော့မှာတော့ အမှန်ပါပဲ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories