October 15, 2019

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အထိ BMW ရဲ့ Brand and Product စီမံခန့်ခွဲမှုအပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ၅၂ နှစ်အရွယ်အမျိုးသမီး Hildegard Wortmann ကိုတော့ Audi ကားကုမ္ပဏီကခေါ်ယူသွားဖို့အစီအစဉ်ဆွဲထားကြောင်း ဂျာမန်သတင်းငှာနကပြောကြားထားကြောင်းသိရပါတယ်။

Wortmann ဟာတော့ ၂၀၁၆ ခုနှစ်တုန်းက Automotive News Europe ရဲ့ Leading Women တွေထဲကတစ်ဉီးအဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး Decade ၂ ခုလောက်ခြားနေပြီဖြစ်တဲ့ BMW Mini 2001 ကိုလည်းပြန်လည်ဖြန့်ချီဖို့ ကြိုးစားပေးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာ Audi ဟာ Luxury-car ဘက်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ BMW နဲ့ Mercedes တို့ထက်အနည်းငယ်နိမ့်ကျနေတဲ့အနေအထားဖြစ်ပြီး ဒီအခြေအနေကို Wortmann ဟာပြန်လည်ပြောင်းလဲပေးနိုင်သူလို့ယုံကြည်ထားတာလည်းဖြစ်ပါတယ်။

ဒီ ဂျာမန်သတင်းငှာနရဲ့တင်ပြချက်သာအမှန်ဖြစ်နေမယ်ဆိုရင်တော့ Wortmann ကိုလာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစတင်ပြီး Audi ရဲ့ Board Management အဖွဲ့ဝင်အဖြစ် စတင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Audi ဟာ Top-selling premium brand တစ်ခုအဖြစ်ရပ်တည်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ပြိုင်ဘက် BMW နဲ့ Mercedes-Benz တို့ရဲ့ဉီးဆောင်မှုကိုခံနေရတာပဲဖြစ်ပါတယ်။ Audi ရဲ့ ရောင်းအားရလဒ်ဟာ ၂၀၁၈ တွင်း ၂.၄ ရာခိုင်နှုန်းကနေ ၁.၆၅ ရာခိုင်နှုန်းအထိကျဆင်းသွားကြောင်းလည်းသိရပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories