June 21, 2018

We ❤️ New Cars!

New Car News in Burmese

YBS ယာဉ်လိုင်းတွေမှာ ကတ်နဲ့အသုံးပြုနိုင်တဲ့ YPS (Yagon Payment Service) စနစ် ကိုပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ကုမ္ပဏီပေါင်း ၂၁ ခုကိုရွေးချယ်ခဲ့ပြီး ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေထဲက စကာတင်အဖြစ် Anypay Payment Services, Asia Starmar Transport Intelligent နဲ့ Excel KC Myanmar အစရှိတာတွေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Excel KC Myanmar ဟာ စတင်ကာတင်ကုမ္ပဏီတွေထဲက ပထမဉီးဆုံး တင်ဒါအောင်မြင်မှုရရှိခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပေမယ့် Excel KC Myanmar နဲ့ ပူးပေါင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Acer ဟာပူးပေါင်းမှုကနေ နှုတ်ထွက်သွားတာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က YPS တင်ဒါအောင်ကုမ္ပဏီတစ်ခုအဖြစ်မှ ပယ်ချခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်။

တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့အနေနဲ့ Excel KC Myanmar နေရာမှာ စကာတင်ထဲမှာပါဝင်ခဲ့တဲ့ Asia Starmar Transport Intelligent နဲ့ Anypay Payment Services ထဲက တစ်ခုကိုတင်ဒါအောင်ကုမ္ပဏီအဖြစ် ပြန်လည်ရွေးချယ်ဖို့ စဉ်းစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့အချိန်အနည်းငယ်မှာတော့ YPS အတွက် တင်ဒါအောင်မြင်သူဟာ Asia Starmar Transport Intelligent ဖြစ်ပါတယ်လို့ တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

“မေလ (၁၇) ၂၀၁၈ ခုနှစ်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအမှတ် (၂၀/၂၀၁၈) ဆုံးဖြတ်ချက် အပိုဒ် (၇၉) အရ Asia Starmar Transport Intelligent Co., Ltd အား YPS တင်ဒါ အောင်မြင်သူအဖြစ် ရွေးချယ်လိုက်ပါသည်။”
Source: Tender Yangon

ဆိုပြီးတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တင်ဒါအောင်ကုမ္ပဏီပေါ်ထွက်လာပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ မကြာခင်အချိန်မှာ ကတ်စနစ် YPS ကို ခံစားနိုင်တော့မှာအသေအချာပါပဲ။

 

Source (Tender Yangon)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories