August 15, 2018

We ❤️ New Cars!

New Car News in Burmese

အမေရိကန် Honda အနေနဲ့ ဇန်နဝါရီလအတွင်းရောင်းချနိုင်ခဲ့တဲ့ရလဒ်အခြေအနေကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကပဲကြေညာခဲ့တာဖြစ်ပါတယ်။ Honda နဲ့ Acura ၂ ခုလုံးရဲ့ ဇန်နဝါရီလအတွင်းရောင်းချနိုင်ခဲ့တဲ့ ရလဒ်ကိုကြေညာခဲ့တာပါ။ ၂၀၁၈ ဇန်နဝါရီလအတွင်းမှာပဲ Honda နဲ့ Acura တို့ဟာ ယာဉ်ပေါင်း ၁ သိန်း ၄ ထောင် ကျော်အထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလတုန်းက ၁ သိန်း ၆ ထောင်ကျော်ရောင်းချနိုင်ခဲ့တာကြောင့် ရာခိုင်နှုန်းနဲ့ကြည့်ရင်ဒီနှစ်ဟာ ၁.၇ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကိုတွေ့ရမှာပါ။

 

Honda ယာဉ်ကြီးပဲ ၉ သောင်းကျော်ရောင်းချနိုင်ခဲ့ပြီး Acura ယာဉ်တွေကိုတော့ ၈ ထောင်ကျော်သာရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။  ဒီနှစ် ဇန်နဝါရီလအတွက် Honda ရော Acura ရောတစ်ခုချင်းစီရဲ့ရောင်းအားဟာ အရင်နှစ် ဇန်နဝါရီလ ထက်အနည်းငယ်လျော့နည်းနေပါတယ်။ အရင်နှစ်ကထက်ရောင်းအားရာခိုင်နှုန်းနည်းနေတဲ့ယာဉ်တွေကတော့ Honda မှာဆိုရင် Accord, CR-Z, Fit, Insight, CR-V, ODYSSEY, RIDGELINE ဖြစ်ပြီး Acura မှာဆိုရင်တော့ ILX, NSX, MDX, RDX တို့ပဲဖြစ်ပါတယ်။ ဘယ်လောက်ရာခိုင်နှုန်းလိုက်ဖို့လိုအပ်သေးလဲဆိုတာကိုတော့ အောက်ပါဇယားကြည့်ခြင်းဖြင့်သိရှိနိုင်မှာပါ။

Honda America’s sales result

“Led by the TLX A-Spec, we’re pleased to see our efforts with Acura sedans paying off in the face of a challenging market for luxury cars,” said Jon Ikeda, vice president & general manager of Acura Sales. “We’re looking forward to showing the 2019 RDX Prototype in Chicago next week, as the auto show circuit comes to one of Acura’s strongest markets.”
Source :hondanews.com

ရောင်းအားအများဆုံးရရှိခဲ့တဲ့ TLX ကိုတော့ Acura ရဲ့ GM ဖြစ်သူ Jon Ikeda ကတော့ချီးမွမ်းလိုက်ပါပြီ။ ဒါ့အပြင် Acura ရဲ့ RDX ၂၀၁၉ ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာစတင်ကျင်းပမယ့် Chicago Auto Show မှာပြသမယ့်အကြောင်းကိုပါပြောကြားခဲ့ပါသေးတယ်။

Honda အနေနဲ့ နောက်ထပ် Model အသစ်တွေကိုချပြဖို့ အစီအစဉ်တွေရှိနေသေးတာကြောင့် နောက်လ ရောင်းအားကတော့တိုးတက်လာမှာအသေအချာပါပဲ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories