August 15, 2018

We ❤️ New Cars!

New Car News in Burmese

Mazda ဟာ CX-3 ကားအသစ်ကိုပြီးခဲ့တဲ့ရက် (မေလ ၁၇ ရက်နေ့) က Junction Square Shopping Mall မှာစတင်ကျင်းပခဲ့တဲ့ Road Show မှာပြသမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ Road Show ကာလကတော့ မေလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိပါ။ (မိတ်ဆွေအနေနဲ့သွားရောက်လည်ပတ်ဖို့အချိန်တွေရှိပါသေးတယ်နော်..)

JS က Road Show မှာဆိုရင် All-new CX-3 အပြင်အလန်းစား Mazda ကားအချို့ကိုပါပြသနေတာဖြစ်ပါတယ်။ Road Show မှာ on fire ဖြစ်နေတဲ့ All-new CX-3 အကြောင်းလေးအနည်းငယ်ပြောပါရစေ။ CX-3 ဟာဆိုရင် ဂျပန်နိုင်ငံထုတ်ကားအမျိုးအစားဖြစ်ပြီး SKYACTIV-G အင်ဂျင် (ဒီဇယ်အင်ဂျင်) ပါဝင်ပြီး အင်ဂျင်ပါဝါ 2.0 အထိရှိပါတယ်။ Semi-Auto 6 Speed Transmission ဖြစ်ပြီး ထိုင်ခုံ ၅ လုံးပါဝင်ပါတယ်။ လေအိတ် ၆ လုံး၊ Electric Brake Distribution (EBD), Immobilizer, Security Alarm, Lane Departure, Warning System, Electronic Door Locks နှင့် ISOFIX, Head Up Display နှင့် Cruise Control အစရှိတဲ့ Safety System တွေပါဝင်ပါတယ်။ (မိုက်ပါတယ်နော် 😆)

Road Show မှာ CX-3 ကို Test Drive မောင်းနှင်နိုင်တဲ့အစီအစဉ်ကစောင့်ကြိုနေသလို ဝယ်ယူအားပေးသူတွေကို U.S $3,500 တန်ဖိုးရှိတဲ့ ကားနဲ့သက်ဆိုင်ရာပစ္စည်းတွေကို လက်ဆောင်အဖြစ်ပေးအပ်သွားမယ်အစီစဉ်လည်းရှိတာကြောင့် ရှယ်ပါပဲ။

***သတင်းပေးမှုအနည်းငယ်နောက်ကျသွားတဲ့အတွက် ကျွန်တော်တို့ Automyanmar မှတောင်းပန်ပါရစေ***

 

 

 

 

 

 

Source

Mazda event

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories