July 17, 2018

We ❤️ New Cars!

New Car News in Burmese

Airport Shuttle အမြန်ယာဉ်လိုင်းအသစ်ဟာ ယာဉ်စီးခ ၅၀၀ ကျပ်နဲ့ ရန်ကုန်လေဆိပ်ကြီးကနေ ရန်ကုန်ဘူတာကြီးအထိ ဇွန်လ ၂၂ ရက်နေ့ကစတင်ပြီး ပြေးဆွဲသွားမှာဖြစ်တယ်လို့ Omni Focus ကုမ္ပဏီကနေတဆင့် သိရှိရတယ်လို့ ဆိုထားပါတယ်။

Airport Shuttle အမြန်ယာဉ်လိုင်းအသစ်ဟာ လေဆိပ်ကြီးကနေ ဘူတာကြီးအထိ ပထမဉီးဆုံးပြေးဆွဲပေးမယ့် ယာဉ်လိုင်းအသစ်တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ၈ မိုင်လမ်းဆုံ၊ ရန်ကုန်ဟိုတယ်၊ နဝဒေးရုပ်ရှင်ရုံ၊ ကမ္ဘာအေးဘုရားလမ်း၊ Sedona Hotel၊ မြန်မာပလာဇာ၊ Melia Hotel၊ Excel ဟိုတယ်၊ ရွှေဂုံတိုင်၊ ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ဉယာဉ်၊ Park Royal ဟိုတယ်၊ သမ္မတရုပ်ရှင်ရုံ၊ Shangri-La ဟိုတယ်၊ Sule Square၊ ဆူလေးဘုရား၊ ရန်ကုန်ဘူတာကြီး အထိ လမ်းခရီးတစ်လျှောက်မှတ်တိုင် ၁၆ ခုမှာ ခရီးသည်အတင်အချပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Airport Shuttle အမြန်ယာဉ်လိုင်းပြေးဆွဲမှုနဲ့ပတ်သက်ပြီး Omni Focus ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဉီးထွန်းတောက်ဝင်းက

“ရန်ကုန်လေဆိပ်ကနေ ရန်ကုန်ဘူတာကြီးအထိ Airport Shuttle ယာဉ်လိုင်းကို ဇွန်လ ၂၂ ရက်နေ့မှာစပြီးပြေးဆွဲသွားမယ်။ ယာဉ်စီးခကိုတော့ ခရီးသည်တစ်ယောက်ကို ၅၀၀ ကျပ်နှုန်းသတ်မှတ်ထားတယ်။ ကားပေါ်ကဆင်းလိုက်တာနဲ့ လေဆိပ်ဝန်းထဲကို ဝင်လို့ရအောင် စီစဉ်ထားတယ်။”

လို့ပြောကြားခဲ့ကြောင်း သိရပါတယ်။

ယာဉ်လိုင်းအသစ်စတင်ပြေးဆွဲချိန်မှာတော့ ကားအစီးရေ ၃၀ ကိုသာအသုံးပြုပြေးဆွဲသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။

 

Source (YBS)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories