August 19, 2018

We ❤️ New Cars!

New Car News in Burmese

Yagon Vehicle Quota Certificate စနစ်ကို ကားအစီးအရေ ၂ သောင်း ၅ ထောင်ခန့်အတွက် အွန်လိုင်းကတဆင့်ရောင်းချပေးသွားပြီး Certificate ထုတ်ပေးဖို့ရှိနေတဲ့ အကြောင်းကို ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ကိုင်ရာမှာ ပါဝင်တဲ့တာဝန်ရှိသူတစ်ဉီးကပြောကြားတယ်လို့ သိရှိရပါတယ်။ အွန်လိုင်းအရောင်းဝယ်ပုံစံမျိုးဖြစ်တာကြောင့် မိတ်ဆွေအနေနဲ့ YVQC စနစ် လက်မှတ် ကိုဝယ်ယူမယ်ဆိုရင် အွန်လိုင်းကနေပဲတဆင့် ငွေပေးသွင်းရမှာပါ။

ရောင်းချမှုနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာမှာပါဝင်တဲ့တာဝန်ရှိသူတစ်ဉီးက

“ရန်ကုန်လိုင်စင် YVQC စနစ်ဝယ်ယူတာကိုအွန်လိုင်းကနေပဲ ရောင်းချပေးသွားဖို့လုပ်နေတယ်။ ငွေကိုလည်း အွန်လိုင်းကပဲသွင်းပြီး ရန်ကုန်လိုင်စင်ရတဲ့ Certificate ကိုထုတ်ပေးမှာပါ။ လောလောဆယ် ရန်ကုန်လိုင်စင် အမြန်ဆုံးခွင့်ပြုနိုင်ဖို့ လုပ်နေတယ်။ ရောင်းချပေးမယ့် လက်မှတ်ကအကြမ်းမျဉ်း ၂,၅၀၀၀ သတ်မှတ်ထားတာရှိတယ်”

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်လိုင်စင် YVQC စနစ်ကို ဇွန်လအတွင်း ခွင့်ပြုပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ လက်မှတ်စနစ်တွေအတွက်စျေးနှုန်းသတ်မှတ်ထားတာကတော့ ဟိုးအရင်ကသတင်းထွက်ရှိခဲ့တဲ့အတိုင်း အင်ဂျင်ပါဝါ ၁,၆၀၀ စီစီ အထိကားတွေကို ကျပ်သိန်း ၃၀၊ ၁,၆၀၁ စီစီ ကနေ ၃,၀၀၀ စီစီ အထိကားတွေကို ကျပ်သိန်း ၆၀၊ ၃,၀၀၁ စီစီ နဲ့အထက်ကားတွေကို ကျပ်သိန်း ၉၀ နဲ့ လုပ်ငန်းသုံး Pick-up ကား (Double Cab ကားတွေမပါ) တွေကို ကျပ် ၁၀ သိန်းအထိသတ်မှတ်ထားတာပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *