October 18, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) လက်မှတ်ကို Free permit တင်သွင်းသူများမပါဝင်ဘဲ အရောင်းပြခန်းမှကားဝယ်ယူသူကိုသာရောင်းချပေးသွားမှာဖြစ်တဲ့ အကြောင်းကို မတ်လ ၁၄ ရက်နေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်​ကုန်​လိုင်​စင်​ YVQC စနစ်​ လုပ်​​ဆောင်​ရာမှာ ပါဝင်​တဲ့တာဝန်​ရှိသူတစ်​ဦးက –

“အရင်​က စာရွက်​​ရောင်းစားတဲ့စနစ်​ကို ​ပြောင်​းပီး အင်​ဂျင်​ပါဝါ အလိုက်​စျေးနှုန်းတစ်​ခုသတ်​မှတ်​ထားတယ်​။ ရန်​ကုန်​လိုင်​စင် ခွင့်ပြုတာ အ​ရောင်​းပြခန်းက​နေ ဝယ်​ယူမယ့် သူ​တွေကိုပဲ သတ်​မှတ်​ထားတဲ့နှုန်​းအတိုင်​းရောင်​းချ​ပေးမှာပါ။ တစ်​ဦးချင်​း Free permit နဲ့ တင်​သွင်​းတဲ့သူ​တွေအတွက်​ မပါပါဘူး၊” လို့ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ပြည်ပမှတဆင့်တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ကားပါကင်ထောက်ခံချက်နဲ့တင်သွင်းခွင့်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာစတင်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ကားပါကင်လိပ်စာနဲ့ ကားတင်သွင်းတဲ့လိပ်စာ မကိုက်ညီတာကြောင့် ကားပါကင်ထောက်ခံချက်နဲ့တင်သွင်းခွင့်ကို ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှာရပ်နားခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၁၈ ဧပြီလမှာတော့ YVQC လက်မှတ်စနစ်နဲ့ ကားတင်သွင်းမှုကိုပြန်လည်ခွင့်ပြုပေးသွားတော့မှာပဲဖြစ်ပါတယ်။

YVQC လက်မှတ်တွေကို အင်ဂျင်ပါဝါအနည်းအများအလိုက်စျေးနှုန်းသတ်မှတ်ရောင်းချပေးသွားမှာပါ။ စျေးနှုန်းသတ်မှတ်ချက်တွေကတော့ အင်ဂျင်ပါဝါ 1600 CC အထိကားတွေကို ကျပ်သိန်း ၃၀၊ 1601 CC ကနေ 3000 CC အထိကားတွေကိုကျပ်သိန်း ၆၀ နဲ့ 3000 CC အထက်ကားတွေကိုတော့ ကျပ်သိန်း ၉၀ အထိပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories