November 18, 2018

We ❤️ New Cars!

New Car News in Burmese

လိုင်စင်မဲ့ ပရဟိတလူမှုကူညီရေးယာဉ်တွေကို ဖမ်းဆီးနေတယ် ဆိုတဲ့သတင်းကြောင့် လက်ရှိမှာ လူမူလုပ်ငန်းသုံးပရဟိတ ယာဉ်တွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပရဟိတလူမှုကူညီရေးအသင်းတွေကပိုင်ဆိုင်တဲ့ လိုင်စင်မဲ့ ပရဟိတယာဉ်တွေကို တရားဝင်မှတ်ပုံတင်ရရှိနိုင်ရေးအတွက် မန္တလေးမြို့မှာရှိတဲ့ ပရဟိတလူအသင်းတွေက စီစဉ်နေတယ်လို့ သိရှိရပါတယ်။ မန္တလေးအခြေစိုက် ပရဟိတအသင်းဝင် ၅၀ ကျော်နဲ့ အစည်းအဝေးပြုလုပ်သွားမှာဖြစ်ပြီး လိုင်စင်မဲ့ ပရဟိတယာဉ်တွေကို တရားဝင်မှတ်ပုံတင်ဖြစ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းကို တင်ပြသွားဖို့ရှိတယ်လို့လဲ သိရှိရပါတယ်။

လက်တလောမှာတော့ မန္တလေးမြို့ကို တရားဝင်စာရောက်ရှိလာခြင်းမရှိသေးတာကြောင့် ဆက်လက်သွားလာနေတဲ့ လိုင်စင်မဲ့ယာဉ်တွေ ရှိသေးပေမယ့် ပြည်နယ်တိုင်းတွေဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း/တောင်ပိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့မှာတော့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ပရဟိတလုပ်ငန်းတွေ ရပ်နားထားလျက်ရှိတယ်လို့ သိရပါတယ်။

အခုလိုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်လူမူရေးအသင်းရဲ့တာဝန်ရှိသူတစ်ဉီးကလည်း

“နယ်မှာ အသုံးပြုနေတဲ့ လူမူရေးပရဟိလုပ်ငန်းတွေနဲ့ နာရေးကူညီမှု အသင်းတွေရဲ့ လိုင်စင်မဲ့ လူနာတင်ယာဉ်နဲ့ နိဗ္ဗာန်ယာဉ်တွေကို ဖမ်းဆီးတော့မယ်လို့ သတင်းကြားနေရတယ်။ လူမူရေးလုပ်ငန်းတွေလည်း တော်တော်များများရပ်တန့်ကုန်ကြပြီ။ ဒီကားတွေက အလှူရှင်တွေရဲ့ မရှိမဲ့/ရှိမဲ့ ငွေလေးနဲ့ လှူဒါန်းထားတဲ့ကားတွေဖြစ်တယ်။ လူမူရေးကိုဗန်းပြပြီး လုပ်နေတဲ့သူတွေတော့ မပြောလိုဘူး။ တချို့နယ်ဆိုရင် လူနာတင်ကားတွေ၊ နိဗ္ဗာန်ယာဉ်တွေမရှိကြဘူး။ အစိုးရအနေနဲ့ ဒီကားတွေကို အခွန်လေး သက်သက်သာသာ နဲ့ လိုင်စင်မှတ်ပုံတင်လုပ်ပေးဖို့လိုတယ်။ ပြည်သူ့အကျိုးလုပ်နေတဲ့အဖွဲ့တွေ ဖြစ်လို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးစေချင်တယ်။”

လို့ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: