November 18, 2018

We ❤️ New Cars!

New Car News in Burmese

အခုနောက်ပိုင်းမှာဆိုရင် ကားဝယ်ယူရတာအရင်ကထက်ပိုပြီးလွယ်ကူလာသလို Auto Gear Transmission တွေဖြစ်လာတာကြောင့် ကားမောင်းတတ်ဖို့ကလည်း ပိုပြီးလွယ်ကူလာပါတယ်။ အဲ့လို ဝယ်ယူရလွယ်ကူ၊ မောင်းတတ်ဖို့လွယ်ကူစတဲ့အချက်တွေကြောင့် ကားပိုင်ရှင်တွေများပြားလာပေမယ့် ကားကိုထိန်းသိမ်းစောင့်ရှောက်ရမယ့်အခြေခံအချက်တွေကိုတော့ မေ့ထားနေတတ်ကြပါတယ်။

ဒီနေ့မှာတော့ Automyanmar အနေနဲ့ မိတ်ဆွေအချို့မေ့နေတဲ့ ကားနဲ့သက်ဆိုင်ရာအခြေခံအချက်တွေထဲက ၅ ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ မောင်းသူတိုင်းစိတ်ထဲထည့်ထားသင့်တဲ့အချက်တွေဖြစ်တာကြောင့် မိတ်ဆွေတို့ စိတ်ဝင်စားလောက်မှာပါ။

Car Engine Oil

Engine Oil ဆိုတာ ကားတစ်စီးရဲ့ Fuel လောင်ကျွမ်းစေတဲ့နေရာမှာပဲအထောက်အကူပြုတယ်လို့ တော်တော်များများထင်ကြပေမယ့် အမှန်တော့ Fuel လောင်ကျွမ်းစေတဲ့နေရာမှာအပြင် အင်ဂျင်ကိုပိုပြီးချောမွေ့အောင်၊ ပိုပြီးအေးမျှအောင်နဲ့ ပိုပြီးသန့်ရှင်းအောင် အစရှိတဲ့နေရာမှာပါ အထောက်အကူပြုတာဖြစ်ပါတယ်။ အဲ့လိုအထောက်အကူပြုတဲ့ Engine Oil ဟာမိမိရဲ့ ကားမှာမလုံလောက်တော့ဘူးဆိုတာနဲ့ အပေါ်ကဖော်ပြခဲ့တာတွေနဲ့ ဆန့်ကျင်ဖက်တွေကို လုပ်ဆောင်တော့မှာပါ။ အဲ့တာကြောင့် မိတ်ဆွေအနေနဲ့ မိမိကားရဲ့ Engine Oil အနေအထားကို မကြာခဏ စစ်ဆေးပြီး လဲလှယ်ပေးသင့်ပါတယ်။

Spare Tire

မိတ်ဆွေအနေနဲ့ ကားကိုစတင်အသုံးမပြုခင် မိမိကားရဲ့တာယာတွေဟာ ပုံမှန်ဟုတ်/မဟုတ်၊ လေလျော့ပြီးပြားချပ်နေလား အစရှိတဲ့အချက်တွေကို ပထမဉီးဆုံး ပုံမှန်စစ်ဆေးသင့်ပါတယ်။ အဲ့လို ပုံမှန်လေးစစ်ဆေးပေးမယ်ဆိုရင် ခရီးတစ်ဝက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တာယာပြဿာနာကို ကြိုတင်ကာကွယ်ပြီးသားဖြစ်နေမှာပဲဖြစ်ပါတယ်။

Windshield Wiper Blades

အခု မိုးတွင်းကြီးဆိုတော့ မိတ်ဆွေအနေနဲ့ မိုးရွာကြီးထဲကားမောင်းနေရင်း Windshield Wiper Blades တွေပုံမှန်အနေအထားလို အလုပ်မလုပ်တော့လို့ စိတ်ရှုပ်ခဲ့ရတဲ့ အဖြစ်အပျက်မျိုးကြုံဖူးကြပါလား ? အဲ့လိုအနေအထားမျိုးတွေ ကြုံဖူးတဲ့မိတ်ဆွေတွေအနေနဲ့ရော၊ မကြုံဖူးပေမယ့် မဖြစ်ချင်ဘူးဆိုတဲ့ မိတ်ဆွေတွေအနေနဲ့ရော Wiper Blades တွေကို ယေဘုယျအားဖြင့် ၆ လ တစ်ခါလဲလှယ်ပေးသင့်တာပဲဖြစ်ပါတယ်။

Vehicle Fluids

မိတ်ဆွေအနေနဲ့ မိမိရဲ့ကားမှာပါတဲ့ Vehicle Fluids လေးတွေကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ တတ်နိုင်ရင်လုံးဝ မမေ့မလျော့ပဲ စစ်ဆေးပေးသင့်ပါတယ်။ အရေးတကြီးပုံမှန်စစ်ဆေးပေးသင့်တဲ့ Vehicle Fluids ၅ မျိုးကတော့ Engine Oil, Coolant, Power Steering Fluid, Brake Fluid, Windshield Washer Fluid တို့ပဲဖြစ်ပါတယ်။

Brake

Safety system တွေထဲက အကြီးမားဆုံးတစ်ခုဖြစ်တဲ့ ဘရိတ်ကိုလည်း စစ်ဆေးပေးနေဖို့လိုအပ်ပါတယ်။ ဘရိတ်နဲ့ပတ်သက်ပြီး Brake Fluid ကို မကြာခဏစစ်ဆေးသင့်သလို အထိအတွေ့အပိုင်းကနေ တဆင့်လည်း Brake ကိုစစ်ဆေးပေးဖို့လိုအပ်ပြန်ပါသေးတယ်။

ကားမောင်းတဲ့အခါ ဘရိတ်နှင်းတဲ့အချိန်ရောက်ရင် စတီယာတိုင်ကို ကိုင်ပြီးသေချာခံစားကြည့်ပါ။ ဘရိတ်နှင်းလိုက်တဲ့အချိန် စတီယာတိုင်က ပုံမှန်အနေအထားမျိုးမဟုတ်ပဲ တုန်ခါနေပြီဆိုရင်တော့ Stability Control System နဲ့ ABS (Anti-lock braking system) မှာတစ်ခုခုဖြစ်နေပြီဆိုတာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အဲ့လိုအခြေမျိုးဆိုရင်တော့ မိတ်ဆွေဘက်က action တစ်ခုခုယူသင့်နေပြီဆိုတာကိုဖော်ပြတာပါ။

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ ကားပိုင်ရှင်တွေအနေနဲ့ သိသင့်တဲ့အခြေခံအချက်တွေထဲက ၅ ချက်ပဲဖြစ်ပါတယ်။ အဲ့ဒီ ၅ ချက်အပြင် ထပ်မံအကြုံပြုချင်တဲ့အချက်ကတော့ မိမိရဲ့ကားထဲမှာ အရေးပေါ်အသုံးပြုနိုင်မယ့် ပစ္စည်းတွေဆောင်ထားဖို့ပါ။ သောက်ရေသန့်ဘူး၊ မီးသတ်ဆေးဘူး၊ ဓာတ်မီး အစရှိတဲ့ အရေးပေါ်အသုံးပြုနိုင်မယ့် ပစ္စည်းကိရိယာတွေကို ဆောင်ထားသင့်တာပဲဖြစ်ပါတယ်။ အခုဖော်ပြချက်တွေက ကားပိုင်ရှင်မိတ်ဆွေတွေအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ရင်း နောက်ထပ် စိတ်ဝင်စားစရာဆောင်းပါးတစ်ခုမှာ ပြန်ဆုံပါ့မယ်။

Features

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: