October 15, 2019

We ❤️ New Cars!

New Car News in Burmese

Ford Motor Corporation ရဲ့ ရာထူးအကြီးပိုင်း Vice President ၃ ဉီးဟာတော့ ဒီနှစ်အကုန်မှာ အနားယူသွားတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကကြေညာထားကြောင်းသိရပါတယ်။

နှစ်ကုန်မှာအနားယူမယ့် ပုဂ္ဂိုလ်တွေကတော့ Ford ရဲ့ Vice President နဲ့ Treasurer အပိုင်းက ၅၆ နှစ်အရွယ်ရှိတဲ့ Kenneth R. Kent, Ford Europe ရဲ့ Product Development အပိုင်းမှာ Vice President ဖြစ်တဲ့ ၅၆ နှစ်အရွယ် Joe Bakai, Ford Asia Pacific ရဲ့ Manufacturing အပိုင်းမှာ Vice President ဖြစ်တဲ့ ၆၄ နှစ်အရွယ် Bill Russo တို့ဖြစ်ကြောင်းသိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Ford ရဲ့ CEO ဖြစ်သူ Jim Hackett က

“မကြာခင်အနားယူတော့မယ့် နယ်ပယ်အသီးအသီးက ခေါင်းဆောင်တွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Ford company ကြီးတွေအတွက် ဝန်ဆောင်မှုအများကြီးပေးစွမ်းခဲ့ပါတယ်။ တစ်ဉီးချင်းစီဟာ မတူညီတဲ့အတွေးအမြင်တွေ၊ ရင့်ကျက်တဲ့အတွေ့အကြုံတွေ၊ ရိုးသားမှုတွေ နဲ့ Ford အဖွဲ့အစည်းကြီးတိုးတက်အောင် နှစ်ပေါင်းများစွာကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ ကြိုးစားပေးသွားမှုအပေါ်ကျေနပ်အားရမှုရှိပြီး အနာဂတ်မှာအကောင်းဆုံးတွေပဲဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။”

လို့ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ Kenneth R. Kent နေရာကို Ford ရဲ့ assistant treasurer ဖြစ်တဲ့ David Webb ကဆက်ခံသွားမှာဖြစ်ပြီး Joe Bakai နေရာကိုတော့ Ford Europe ရဲ့ Executive engineering director Bakaj ကဆက်ခံသွားမယ်လို့သိရပါတယ်။ Manufacturing အပိုင်းက Bill Russo နေရာကိုတော့ လက်ရှိမှာဆက်ခံသူမရွေးရသေးဘူးလို့ဆိုထားကြပါတယ်။

ဒါ့အပြင် Ford ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူ့ရဲ့အလုပ်အကိုင်ပေါင်း ၂ သောင်းကျော်ကိုဖြုတ်ချသွားဖို့ရှိနေတယ်ဆိုပြီး လက်ရှိမှာ သတင်းတွေထွက်ရှိနေပါတယ်။ ဒီအချက်ကိုတော့ CEO ဖြစ်သူ Hackett ကတော့ မဟုတ်မမှန်ကြောင်း ပြောကြားထားဆဲဖြစ်ပါတယ်။ အခြေအနေအတိအကျကတော့ ဆက်လက်စောင့်ကြည့်ရဉီးမှာပဲဖြစ်ပါတယ်။

Via 1, 2

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories