June 21, 2018

We ❤️ New Cars!

New Car News in Burmese

Hyundai ဟာတော့ Alabama မှာရှိတဲ့ Hyundai Motor Manufacturing Alabama (HMMA) မှာတော့ 2019 Santa Fe ကြီးကိုပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းကစတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ HMMA အနေနဲ့ Cross Over Vehicle အမျိုးအစား 2019 Santa Fe ကြီးကို ၂၀၁၈ ခုနှစ်အတွင်းမှာပဲအစီးရေ ၈ သောင်း ၄ ထောင်ကျော်အထိထုတ်လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားပြီး Sedan အမျိုးအစားကားတွေဖြစ်တဲ့ Sonata နဲ့ Elantra တွေကိုပါဆက်လက်ထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။

Santa Fe နဲ့ပတ်သက်ပြီး HMMA ရဲ့ CEO ဖြစ်သူ Dong Ryeol Choi က

“ကျွန်တော်တို့ဟာ အခု Santa Fe generation အသစ်မှာပံ့ပိုးထားတဲ့ ဒီဇိုင်းတွေ၊ နည်းပညာပိုင်းတွေ အပေါ်မှာတော်တော်လေးအားရကျေနပ်မှုရှိပါတယ်။ 2019 Santa Fe မှာဆိုရင် ကားရပ်ထားတဲ့အချိန် ကိုယ့်ရဲ့ကားနားကို နောက်ကားတစ်စီးရုတ်တရက်ကပ်လာတဲ့အခါ အသိပေးတဲ့ Forward Collision-avoidance Assist နဲ့ ကားနောက်ခုံတွေကို ကားပေါ်ကမထွက်ခင်ပြန်စစ်ဖို့ သတိပေးတဲ့ Rear Occupant Alert အစရှိတဲ့ Feature တွေပါဝင်ပါတယ်။”
Source: hyundainews

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

HMMA ကတော့ သူ့ရဲ့ ၃,၀၀၀ နီးပါးရှိတဲ့အဖွဲ့သားတွေနဲ့ ပြည်တွင်းအကြီးအကဲတွေ စုပြီး 2019 Santa Fe စတင်ထုတ်လုပ်ဖို့အတွက် Alabama က Montgomery မှာအခမ်းအနားကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ အခုလို Santa Fe generation အသစ်ကြီးကိုပြန်လည်ထုတ်လုပ်နိုင်ဖို့အတွက် Hyundai ဟာ ၂၀၁၇ နှစ်ကုန်ခါနီးလောက်ကတည်းက ပြန်လည်ပြင်ဆင်နေခဲ့တာပါ။ တစ်ဆက်တည်း Hyundai ဟာ ၂၀၁၈ နှစ်ကုန်နားလောက်မှာ အင်ဂျင်မျိုးဆက်သစ်တွေဖန်တီးသွားဖို့ ရင်းနှီးသွားနေပြီလည်းဖြစ်ပါတယ်။

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories