October 18, 2018

We ❤️ New Cars!

New Car News in Burmese

2018 Hyundai Kona ဟာတော့ Northwest Automotive Press Association (NWAPA) ရဲ့ “Subcompact Utility Vehicle Award” ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ရက်ကပဲတရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဝါရှင်တန်မြို့မှာကျင်းပခဲ့တဲ့ 218 Mudfest ပြိုင်ပွဲမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

“Subcompact Utility Vehicle Award” ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး NWAPA ရဲ့ President ဖြစ်သူ John Vincent က

“2018 Hyundai ဟာ ကျွန်တော်တို့ Northwest Outdoor Activity Vehicle of the Year competition မှာအကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ခဲ့တယ်။ သူ့မှာပါဝင်တဲ့ လွယ်လွယ်ကူကူလျှင်လျှင်မြန်မြန်ကိုင်တွယ်နိုင်တဲ့ စတီယာတိုင်နဲ့တင် Subcompact ကားအမျိုးအစားတွေထဲမှာတော်တော်လေးထိပ်ရောက်နေပြီလို့ပြောလို့ရတယ်။ အရည်အသွေးကလည်း ပြည့်မှီနေပြီး ကားရဲ့အတွင်းပိုင်းအနေအထားက ကျွန်တော်တို့ NWAPA အဖွဲ့ဝင်တွေကို မှင်သက်စေခဲ့တယ်”
Source: hyundainews.com

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ 2018 Kona ကိုတော့ $19,500 စျေးနှုန်းကနေ စတင်ဝယ်ယူနိုင်ပါပြီ။ ကားအတွင်းပိုင်းမှာ ၇ လက်မအရွယ်ရှိတဲ့ LCD touchscreen နဲ့ နောက်ကြည့်ကင်မရာပါဝင်မှာပါ။ ဒါ့အပြင် Android Auto နဲ့ Apple CarPlay တို့လည်းပါဝင်မှာဖြစ်သလို LED Daytime Running Lights လည်းပါဝင်ဉီးမှာဖြစ်ပါတယ်။ (ကားအတွင်းပိုင်းကတော့ တကယ်ကိုမှင်သက်စရာပါပဲ။)

ကားရဲ့ဘီးဟာ Alloy ဖြစ်ပြီး ၁၆ လက်မ အထိရှိပါတယ်။ 2.0L fuel-efficient ကို Standard အင်ဂျင်အဖြစ်ထည့်သွင်းပေးထားပြီး EPA-estimated 33 MPG highway (FWD) အထိပြောင်းလဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Advanced safety features တွေဖြစ်တဲ့ Lane-Keeping Assist system, Blind-Spot Collision Warning, Rear Cross-Traffic Collision Warning, Lane Change Assist, Parking Distance Warning နဲ့ Forward Collision-Avoidance Assist with Pedestrian Detection တို့ကိုလည်းထည့်သွင်းပေးထားသေးတာဖြစ်တာကြောင့်  အရည်အသွေးပိုင်းသာမက လုံခြုံမှုအပိုင်းပါကောင်းမွန်လှတဲ့ Subcompact ကားတစ်စီးလို့ပဲဆိုရမှာပါ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories