December 12, 2018

We ❤️ New Cars!

New Car News in Burmese

Hyundai ရဲ့ Innovative model တစ်ခုဖြစ်ပြီး Electrified powertrain ၃ လုံး ထည့်သွင်းဖွဲ့စည်းထားတဲ့ 2018 Hyundai IONIQ ကတော့ Busan International Motor Show မှာ “Women World Car of the Year Supreme Award” ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီ Supreme Award ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ “Women World Car of the Year Award (WWCOTY)” ကိုထောက်ခံတဲ့ Female ကားဂျာနယ်လစ်တွေထဲက လေးစရာအကောင်းဆုံးသူ ၂၅ ယောက် ကပေးအပ်တဲ့ Award တစ်ခုပဲဖြစ်ပါတယ်။

WWCOTY ရဲ့ ဒိုင်အဖွဲ့က ဆုရရှိမှုနဲ့ပတ်သက်ပြီး

“Hyundai ရဲ့ IONIQ ဟာဒီနှစ်မှာတော်တော်လေးပေါ်လွင်နေတာကိုတွေ့ရတယ်။ ဆိုတော့ ပြိုင်ပွဲဝင်ကားအစီး ၄၀၀ ထဲမှာ IONIQ ဟာထင်ရှားတဲ့အနိုင်ရရှိသူဖြစ်တယ်ဆိုတာတန်းပြီး သိနိုင်ပါတယ်။ ဒါ့အပြင် IONIQ ဟာ Green Car category မှာလည်း Winner အဖြစ်သတ်မှတ်ခြင်းခံထားရတာလည်းဖြစ်ပါတယ်။”
Source: hyundainews

လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် WWCOTY ရဲ့ CEO ဖြစ်သူ Sandy Myhre ကလည်း

“ကျွန်မတို့အနေနဲ့ Busan International Motor Show မှာ IONIQ အတွက် Supreme Award နဲ့ Green Car Category Award ကိုကြေညာရတာဂုဏ်ယူမိပါတယ်။ IONIQ ဟာကျွန်မတို့ရဲ့ စမ်းသပ်ချက်တွေကို ကျော်လွှားနိုင်ခဲ့ပြီး Voting ပိုင်းမှာလည်း ကောင်းမွန်တာကြောင့် တကယ့်ကို Winnder အစစ်ပါပဲ။”
Source: hyundainews

လို့ပြောကြားခဲ့သေးတာဖြစ်ပါတယ်။

IONIQ ဟာတော့ လေးစီးကြောင်းကိုခံနိုင်ရည်ရှိတဲ့ aerodynamic body မျိုးနဲ့ဖွဲ့စည်းထားပြီး ကမ္ဘာ့ပထမဉီးဆုံး eco-focused vehicle platform ဖြစ်ပါတယ်။ Hybrid, Plug-in hybrid နဲ့ Electric model ဆိုပြီး မော်ဒယ် ၃ မျိုးနဲ့ထွက်ရှိလာတာဖြစ်ပြီး သေသပ်တဲ့ဒီဇိုင်းအနေအထားနဲ့ သက်သောင့်သက်သာ လုံလုံခြုံခြုံစီးနှင်းနိုင်အောင် Automatic Emergency Braking, Smart Cruise Control, Lane Keep Assist System, Rear Parking sensors အစရှိတဲ့ နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုပေးထားတာဖြစ်တယ်လို့ လဲဆိုထားပါတယ်။ မော်ဒယ် ၃ ခုလုံးရဲ့ဒီဇိုင်းအနေအထားအားလုံးဟာ အကုန်တူနေတာကိုတွေ့ရမှာပါ။ Plug-in hybrid နဲ့ Electric model ကတော့ အားသွင်းဖို့နေရာတွေပါဝင်နေမှာပါ။ IONIQ ရဲ့အတွင်းပိုင်းအနေအထားဟာ ကျယ်ဝန်းပေမယ့် အနောက်ခုံမှာတော့ အဖြူကောင်တွေလို အရပ် ၆ ပေကျော်လောက်ရှိတဲ့လူဆိုရင် ခေါင်းမလွတ်တဲ့အနေအထားနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်။ ၅ ပေကျော် အရပ်လောက်ဆိုရင် ကျယ်ကျယ်ဝန်းဝန်းစီးနိုင်တဲ့ ကားတစ်စီးပါပဲ။ 😆)

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories