December 12, 2018

We ❤️ New Cars!

New Car News in Burmese

အိန္ဒိယနိုင်ငံမှာ Xcent ဆိုတဲ့အမည်နဲ့လူသိများပြီး “India Best Selling Car” ဆုကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ 2018 Hyundai Grand i10 Saloon ကိုတော့ လက်ရှိမြန်မာနိုင်ငံက Hyundai Showroom တွေမှာဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်။ 2018 Hyundai Grand i10 saloon ကိုတော့ပြီးခဲ့တဲ့လ ဇန်နဝါရီ ၃၀ ရက်နေ့ကမှ Hyundai Showroom မှာစတင်မိတ်ဆက်ခဲ့တာပါ။

Grand i10 ဟာ တပ်ဆင်ပစ္စည်းတွေကောင်းမွန်မှု၊ လုံခြုံမှုစနစ်စိတ်ချရမှု၊ ဆီစားသက်သာမှု စတာတွေအပြင် စျေးနှုန်းကလည်း အသင့်သင့်ဖြစ်နေတာကြောင့် စီးရတာတန်လှတဲ့ Saloon ကားအမျိုးအစားပဲဖြစ်ပါတယ်။ ကားရဲ့အရှေ့မီးသီးနဲ့ အနောက်မီးခွက်အုံက ဆန်းသစ်တဲ့ဒီဇိုင်းကိုဖော်ပြနေပြီး နောက်ဆုံးပေါ် Saloon ရုပ်ထွက်အောင်ပံ့ပိုးထားတာပဲဖြစ်ပါတယ်။ စီးရတာသက်သောင့်သက်သာရှိပြီး ကျယ်ဝန်းတဲ့ဝန်တင်ခန်းလည်းပါဝင်တာကြောင့် မိသားစုတွေခရီးသွားတဲ့အချိန်မှာအဆင်ပြေပြေနဲ့သွားလာနိုင်မှာပါ။ ဆီစားနှုန်းကတော့ မြို့တွင်း၊ မြို့ပြင်နှစ်နေရာလုံးမှာ ၁၆.၉ ကီလို ကို ၁ လီတာ လို့ဆိုထားပါတယ်။

Grand i10 ကိုတော့လက်ရှိမှာ Standard Grade နဲ့ Luxury Grade ဆိုပြီး grade နှစ်မျိုးနဲ့ရောင်းချနေတာဖြစ်ပါတယ်။ Standard Grade ကို USD 1,9700 နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး Luxury Grade ကိုတော့ USD 20,800 နဲ့ဝယ်ယူနိုင်မှာပါ။ ကားအတွက်ရွေးချယ်နိုင်တဲ့အရောင်တွေကတော့  Polar White, Sleek Silver, Star Dust, Phantom Black, Flame Orange, Fiery Red, Wine Red နဲ့ Marina Blue တို့ပဲဖြစ်ပါတယ်။ Grand i10 ကိုငွေလက်ငင်းမချေပဲ ၃ နှစ်တာအရစ်ကျအတိုးပေးစရာမလိုပဲဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရစ်ကျအစီအစဉ်နဲ့ဝယ်ယူမယ်ဆိုရင်ကားတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို ငွေအရင်ချေပေးရမှာပါ။

Hyundai Motor Myanmar အရောင်းစင်တာများမှာ ရောင်းချတဲ့ ကားအမျိုးအစားတွေက တောင်ကိုရီးယားနိုင်ငံအကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Hyundai Motor မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အဆိုပါကားများကို ၃ နှစ် (သို့) ကီလို ၁၀၀,၀၀၀ အာမခံပေးထားတယ်လို့လဲဆိုထားပါတယ်။

 

Source

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories