June 19, 2018

We ❤️ New Cars!

New Car News in Burmese

2018 Honda Clarity Fuel Cell ကတော့ Honda ကားကိုယ်စားလှယ်အချို့စီ ကိုပြီးခဲ့တဲ့ရက်ကပဲရောက်ရှိနေပြီဖြစ်ပါတယ်။ Clarity Fuel Cell ဟာအတွင်းပိုင်းနေရာကျယ်ဝန်းပြီး မောင်းသူအပါအဝင် လူ ၅ ဉီး အေးဆေးနေလို့ရပါတယ်။ Alternative-fuel powertrains ကိုမြှင့်တင်ထားတဲ့အပြင် Honda Sensing Tech နဲ့ Driver-assistive Technology ပါ ပါဝင်ပါတယ်။ Honda ရဲ့ Clarity series ဟာ Green Car Journals ရဲ့ “2018 Green Car of the Year” လို့သတ်မှတ်ခြင်းခံခဲ့ရသလို 2018 CES Tech Driven မှာလည်း “Most Innovative Car” အဖြစ်သတ်မှတ်ခြင်းခံရဖူးတာဖြစ်ပါတယ်။

Clarity နဲ့ပတ်သက်ပြီး American Honda Motor ရဲ့ Connected and Environmental Business Development အပိုင်းမှာ Vice president ဖြစ်သူ Steven Center ကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“အနာဂတ်လျှပ်စစ်ယာဉ်အပေါ်စိတ်ဝင်စားတဲ့ ကားဝယ်သူတော်တော်များများက  Honda Clarity Fuel Cell ကိုရွေးချယ်ကြပါတယ်။ Honda အနေနဲ့လည်း လျှပ်စစ်ယာဉ်တွေဘက်ကိုကူးပြောင်းဖန်တီးနေပါပြီ.. ဝယ်သူတွေမောင်းချင်စဖွယ် လျှပ်စစ်ယာဉ်လေးတွေကိုပေါ့… ကုမ္ပဏီအနေနဲ့လည်း ၂၀၃၀ ခုနှစ်ရောက်ရင် လျှပ်စစ်ယာဉ် ၃ ပုံ ၂ ပုံအထိရောင်းချသွားနိုင်ဖို့မျှော်မှန်းထားပါတယ်။”
Source :hondanews.com

2018 Accord Hybrid, လက်ရှိမှာကြေညာထားတဲ့ 2019 Insight, Clarity Fuel Cell, Clarity Electric နဲ့ Clarity Plug-in-Hybrid တို့ဟာ Honda ရဲ့အနာဂတ်မျိုးဆက်ကိုကိုယ်စားပြုတာဖြစ်တယ်လို့လဲ ဝက်ဆိုဒ်မှာဖော်ပြထားပါသေးတယ်။

လက်ရှိ 2018 Honda Clarity Fuel Cell ကတော့ ကားကိုယ်စားလှယ် ၁၂ ခုစီရောက်ရှိနေပါပြီ။ တောင်ကယ်လီဖိုးနီးယားက ၆ ခု၊ ဆန်ဖရန်စစ်စကို က ၅ ခု၊ စခရာမန်တို နယ်ပယ်က ၁ ခု အစရှိတဲ့ ဒေသတွေမှာပဲရောက်ရှိသေးတာဖြစ်ပါတယ်။

 

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories