December 10, 2018

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က Autotrader မှချီးမြှင့်ခဲ့တဲ့ “2018 Must Test Drive Award” စာရင်းထဲမှာ 2018 Honda Accord ဟာပါဝင်ခဲ့ပြီဖြစ်ပါတယ်။ Autotrader ရဲ့ “Must Test Drive Award” စာရင်းမှာ Vehicle ၁၂ စီးရွေးချယ်ထားတာဖြစ်ပြီး 2018 Honda Accord ဟာတော့ ၃ နေရာမြောက်ကပါဝင်ခဲ့တာပါ။ 2018 Accord ကို “Must Test Drive Award” စာရင်းထဲမှာထည့်သွင်းထားရုံသာမက Midsize Sedan တွေရဲ့ “Best-ever” version တစ်ခုဖြစ်တယ်လို့လဲ Autotrader ကတင်စားချီးမွမ်းထားပါသေးတယ်။

2018 Accord ဟာ ကနဉီးထွက်ရှိခဲ့တဲ့ generation တွေနဲ့ ဒီဇိုင်းပိုင်း၊ Setting အပိုင်းတွေကွဲပြားနေရုံသာမက ပစ္စည်းကိရိယာပါဝင်မှုကလည်းပိုမိုစုံလင်နေတာကိုတွေ့ရမှာပါ။ အထူးခြားဆုံးကတော့ Fuel economy ပိုင်းလို့ပဲဆိုပါရစေ။ ဘာလို့လဲဆိုတော့ မြို့တွင်းကို 30 mpg (Mile per gallon)၊ Highway ကို 38 mpg အထိမောင်းနှင်နိုင်လို့ပါ။ ပုံမှန် Midsize Sedan ကားဆိုရင် ပျမ်းမျှ ၂၀ mpg ကျော်လောက်သာမောင်းနိုင်တာကြောင့် ထူးခြားတယ်လို့ပြောရတာဖြစ်ပါတယ်။

Autotrader အနေနဲ့ “2018 Must Drive Award” ကို 2018 ကားမော်ဒယ်တွေထဲက မောင်းရအဆင်ပြေပြီး သက်သောင့်သက်သာရှိလှတဲ့ ကားတွေကိုသာ ချီးမြှင့်ထားတာဖြစ်ပါတယ်။ ၂၀၁၈ အတွက် “Must Drive Award” မှာပါဝင်ခဲ့တဲ့ ကား ၁၂ စီးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ လင့်ခ်ကနေတဆင့်သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

12 Must Test Drive Vehicles for 2018

 

 

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories