July 17, 2018

We ❤️ New Cars!

New Car News in Burmese

2018 New York Daily News Auto Awards (သို့) DNA Awards ကို Honda ဟာ 2018 Accord, Civic, Fit တို့နဲ့သိမ်းပိုက်နိုင်ခဲ့ကြောင်းကို ပြီးခဲ့တဲ့ရက်ကပဲ Honda မှတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ DNA Awards ကို City Car, City SUV, Small Car, Small SUV, Family Car, Family SUV, Plug-in Hybrid (or) Electric Vehicle, Performance Car, Truck, Minivan, Premium Car, Premium SUV, Luxury Car, Luxury SUV, Luxury Performance Car, Luxury Plug-in Hybrid (or) Electric Vehicle အစရှိတဲ့အမျိုးအစားအများကြီးခွဲပြီး ချီးမြှင့်ဂုဏ်ပြုခဲ့တာပါ။

နေရာအပြင်အဆင်ကျယ်ဝန်းလှတဲ့ 2018 မော်ဒယ်အသစ် Honda Accord ဟာ “Best Family Car”

10th generation ရောင်းအားအကောင်းဆုံး 2018 Honda Honda Civic လေးဟာ “Best Small Car”

စွမ်းဆောင်ရည်အားကောင်းပြီး အမြဲသစ်လွင်နေတဲ့ 2018 Honda Fit ဟာ “Best City Car” အစရှိတဲ့အမျိုးအစားတွေထဲမှာ အသီးသီးဂုဏ်ပြုဆုချခံခဲ့ရတာပဲဖြစ်ပါတယ်။

DNA Awards ကိုချီးမြှင့်ဖို့ Daily News Autos ရဲ့စာရေးကျွမ်းကျင်သူတွေ၊ အယ်ဒီတာတွေ၊ ပံ့ပိုးကူညီသူတွေအစရှိတဲ့ ပုဂ္ဂိုလ်တွေ ပူးပေါင်းပြီး ကားရဲ့အသွင်အပြင်ဒီဇိုင်း၊ Funtions အပိုင်း၊ အင်ဂျင်ပိုင်း၊ ကားကိုယ်စားလှယ်တွေရဲ့ ပြောကြားချက် တွေအားလုံးကိုခြုံငုံလေ့လားသုံးသပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ Honda အပြင် DNA Awards ကိုတခြား Automaker တွေဘယ်အမျိုးအစားမှာသိမ်းပိုက်နိုင်ခဲ့လဲဆိုတာကို 2018 New York Daily News Auto Awards  ကနေတဆင့်ဝင်ရောက်စူးစမ်းနိုင်ပါတယ်။

2018 Honda Accord

 

2018 Honda Civic

 

2018 Honda Fit

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories