June 21, 2018

We ❤️ New Cars!

New Car News in Burmese

2018 Honda Accord နဲ့ Odyssey တို့ဟာ Good Housekeeping ရဲ့ 2018 “Best New Cars” ထဲမှာပါဝင်ခဲ့ကြောင်းကို Honda မှတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ Honda Accord ဟာ Best Sedan အနေနဲ့ပါဝင်ခဲ့တာဖြစ်ပြီး Honda Odyssey ဟာတော့ Best Minivan အနေနဲ့ပါဝင်ခဲ့တာပါ။

Good Housekeeping အနေနဲ့ “Best New Cars” ရွေးချယ်မှုအတွက် Car and Driver နဲ့ပူးပေါင်းပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မော်ဒယ်အသစ်ကား ရာကျော်ကို မိုင် ၃,၀၀၀ လောက်မောင်းနှင်ပြီး လမ်းတလျှောက်မှာဖြစ်ပျက်တဲ့ကားရဲ့အခြေအနေတွေကို တိုင်းတာပြီးမှ “Best New Cars” စာရင်းထဲထည့်သွင်းတာပါ။ ကားရဲ့အခြေအနေတွေဆိုတာကတော့ လုံခြုံစိတ်ချရမှု၊ အရေအသွေးပိုင်း၊ ကားတွင်းဒီဇိုင်းပိုင်း၊ သက်တောင့်သက်သာရှိမှု နဲ့  NVH (noise, vibration, harshness) အပိုင်း အစရှိတဲ့အပိုင်းတွေကိုဆိုလိုတာပါ။ မိုင် ၃,၀၀၀ လောက်မောင်းနှင်ပြီး စစ်ဆေးထားတာကြောင့် တိကျတဲ့အဖြေထွက်လာမှာတော့ အမှန်ပါပဲ။

“Best New Cars” စာရင်းဝင်ခဲ့တဲ့ ၂၀၁၈ Honda Odyssey ဟာ Odyssey 5th-generation ကို အရေအသွေးပိုင်း၊ ဒီဇိုင်းပိုင်း နဲ့ သက်သောင့်သက်သာရှိစေမှု တို့ကိုပြန်လည်တိုးမြှင့်ထားတဲ့ယာဉ်ဖြစ်ပြီး ၂၀၁၈ Honda Accord ဟာဆိုရင်တော့ Honda’s iconic midsized sedan ရဲ့ 10th generation ပဲဖြစ်ပါတယ်။

Good Housekeeping ဟာ “Best New Cars” မှာ မော်ဒယ်အသစ်ယာဉ် ၁၂ စီးကို ထည့်သွင်းပေးထားပြီး ကားအမျိုးအစားတွေကိုခွဲခြားဖော်ပြပေးထားပါတယ်။ “Best New Cars” စာရင်းမှာပါဝင်တဲ့ကားတွေကို စိတ်ဝင်စားရင်တော့ Good Housekeeping “Best New Cars” မှာသွားရောက်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။

 

2018 Honda Accord

 

2018 Honda Odyssey

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories