September 25, 2018

We ❤️ New Cars!

New Car News in Burmese

Acura ရဲ့ 2018 MDX နဲ့ RDX တို့ဟာဆိုရင်တော့ 2018 Best Cars for the money စာရင်းထဲမှာပါဝင်ခဲ့ပြီဖြစ်ပါတယ်။ 2018 MDX ဟာ Luxury three-row SUV နဲ့ပါဝင်ခဲ့ပြီး 2018 RDX ဟာတော့ Luxury Compact SUV အနေနဲ့ပါဝင်ခဲ့တာပါ။ ကားတစ်စီးဟာ အရည်အသွေးပိုင်း၊ လုံခြုံစိတ်ချမှုအပိုင်းနဲ့ တန်ဖိုး အစရှိတာတွေပြည့်စုံနေမှသာ Best Cars for the money စာရင်းထဲဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကားစတင်ဝယ်တဲ့အချိန်ကစပြီး ၅ နှစ်တာကာလအထိ ကားအပေါ် ကုန်ကျစရိတ်တွေကိုလည်းကြည့်ပါသေးတယ်။

MDX ဟာစတင်ထုတ်လုပ်ချိန် ၂၀၀၀ ခုနှစ် အချိန်ကတည်းက Acura ဖောက်သည်တွေရဲ့အသိမှတ်ပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံးစာရင်းထဲမှာ ပါဝင်ခဲ့တဲ့အထိအသိအမှတ်ပြုခဲ့တာပါ။

RDX ဟာ ၂၀၁၅ ခုနှစ် Second generation မှာယာဉ်ပေါင်း ၅ သောင်းကျော်အထိရောင်းချနိုင်ခဲ့ပြီး ရောင်းအားမှာထိပ်တန်းဖြစ်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်ကစပြီး ထိပ်တန်းဖြစ်နေခဲ့တဲ့ရောင်းအားဟာ အခုအချိန်အထိလျော့ကျသွားခြင်းမရှိပဲဆက်လက်ထိန်းသိမ်းထားနိုင်တာလည်းဖြစ်ပါတယ်။ MDX နဲ့ RDX model နှစ်မျိုးလုံးဟာ Best Cars for the money စာရင်းဝင်နေတာကြောင့် အရည်အသွေးပိုင်းနဲ့ လုံခြုံစိတ်ချမှုအပိုင်းကတော့ပြောစရာမလိုပါဘူး။

Acura အနေနဲ့ MDX 2018 ပြီးရင် Refreshed 2018 Acura MDX ကိုထပ်မံထုတ်လုပ်သွားဉီးမှာဖြစ်ပါတယ်။ Refreshed 2018 Acura MDX ကိုတော့ သက်သောင့်သက်သာစီးနှင်းနိုင်မှု၊ မြင့်မားနဲ့နည်းပညာတွေနဲ့ သေသပ်တဲ့ဒီဇိုင်းတွေနဲ့တွေ့ရမှာပါ။ ဒါ့အပြင် Acura ဟာ 2018 RDX ပြီးရင်လည်း ခြေလှမ်းအသစ်ဖြစ်တဲ့ 2019 RDX ကို ၂၀၁၈ နှစ်အလယ်ပိုင်းလောက်မှထုတ်လုပ်ဖို့အစီအစဉ်ဆွဲထားတာပဲဖြစ်ပါတယ်။ Honda နဲ့ Acura တို့ရဲ့အစီအစဉ်တွေကတော့ အံ့မခန်းပါပဲ။

 

 

2018 MDX

 

2018 RDX

 

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories