December 12, 2018

We ❤️ New Cars!

New Car News in Burmese

သိပြီးကြတဲ့လူတွေ အမှတ်တရပြန်ဖြစ်အောင်နဲ့ မသိကြသေးတဲ့လူတွေလည်း သိသွားအောင် ဒီဆောင်းပါးမှာ ၂၀၁၇ ရဲ့ USA ရောင်းအားအကောင်းဆုံးကားတွေကို လိုရင်းတိုရှင်းဖြစ်အောင် ဖော်ပြသွားမှာဖြစ်ပါတယ်။ ၂၀၁၇ မှာ USA ရဲ့ရောင်းအားအကောင်းဆုံး နေရာမှာရပ်တည်ခဲ့တဲ့ကားတွေကတော့ –

1. Ford F-series

ရောင်းချနိုင်မှုကားအစီးရေ – ၈,၉၆၇၆၄ သိန်း

အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၉.၃ ရာခိုင်နှုန်း

 

2.Chevrolet Silverado

ရောင်းချနိုင်မှုကားအစီးရေ – ၅,၈၅၈၆၄ သိန်း

အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၁.၉ ရာခိုင်နှုန်း

 

3.RAM pick-up

ရောင်းချနိုင်မှုကားအစီးရေ – ၅,၀၀၇၂၃ သိန်း

အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၂.၇ ရာခိုင်နှုန်း

 

4.Toyota RAV4

ရောင်းချနိုင်မှုကားအစီးရေ – ၄,၀၇၅၉၄ သိန်း

အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၁၅.၇ ရာခိုင်နှုန်း

5.Nissan Rouge

ရောင်းချနိုင်မှုကားအစီးရေ – ၄,၀၃၄၆၅ သိန်း

အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၂၂.၃ ရာခိုင်နှုန်း

6.Toyota Camry

ရောင်းချနိုင်မှုကားအစီးရေ – ၃,၈၇၀၈၁ သိန်း

အရင်နှစ်ကထက်လျော့ကျသွားမှု (%) – (- ၀.၄ ရာခိုင်နှုန်း)

 

7.Honda CR-V

ရောင်းချနိုင်မှုကားအစီးရေ – ၃,၇၇၈၉၅ သိန်း

အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၅.၈ ရာခိုင်နှုန်း

 

8.Honda Civic

ရောင်းချနိုင်မှုကားအစီးရေ – ၃,၇၇၂၈၆ သိန်း

အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၂.၈ ရာခိုင်နှုန်း

 

9.Toyota Corolla

ရောင်းချနိုင်မှုကားအစီးရေ – ၃,၂၉၁၉၆ သိန်း

အရင်နှစ်ကထက်လျော့ကျသွားမှု (%) – (- ၁၃ ရာခိုင်နှုန်း)

10.Honda Accord

ရောင်းချနိုင်မှုကားအစီးရေ – ၃,၂၂၆၅၅ သိန်း

အရင်နှစ်ကထက်လျော့ကျသွားမှု (%) – (-၆.၅ ရာခိုင်နှုန်း)

USA ရဲ့တစ်နှစ်တာလုံးအတွက် ရောင်းအားအကောင်းဆုံးနေရာ Ford ရဲ့ F-series ကားတွေရပ်တည်ခဲ့တာဖြစ်ပြီး ယာဉ်ပေါင်း ၉ သိန်းနီးပါးအထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ F-series ကားတွေဟာ လက်ရှိမှာ Ford ရဲ့စံပြကားတွေလို့ဆိုရမှာ။ Ford ဟာ ၁၉၇၅ ခုနှစ်လောက်ထဲက ကားမာကတ်မှာထိပ်တန်းအဆင့်ကရပ်တည်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယအကောင်းဆုံး model တစ်ခုအဖြစ်လည်းရပ်တည်ဖူးခဲ့တာဖြစ်ပါတယ်။ ရာဇဝင်နဲ့ ထိပ်တန်းကရပ်တည်လာတာ ၂၀၁၇ ခုနှစ်အထိအရှိုန်မသေသေးဘူးလို့ဆိုရမှာ။

Chevrolet ရဲ့ Silverado ကားဟာတော့ ၆ သိန်းနီးပါးလောက်ရောင်းချနိုင်ခဲ့ပြီး ဒုတိယနေရာရပ်တည်သွားခဲ့တာဖြစ်ပါတယ်။ RAM ရဲ့ Pick-up တွေကတော့ ၅ သိန်းကျော်အထိရောင်းချနိုင်ခဲ့ပြီး တတိယနေရာ မှာရပ်တည်ခဲ့တာဖြစ်ပါတယ်။ Top 10 စာရင်းထဲမှာ Toyota နဲ့ Honda တို့ကနေရာ သိမ်းပိုက်နိုင်မှုအများဆုံးပါ။ RAV4 ဟာ နံပါတ် ၄ နေရာ၊ Camry ဟာ နံပါတ် ၆ နေရာ၊ Corolla ဟာဆိုရင် နံပါတ် ၉ နေရာအထိ အစရှိတဲ့ သုံးနေရာကိုသိမ်းပိုက်ထားပြီး Honda ဟာ CR-V, Civic တို့နဲ့ နံပါတ် ၇,၈ နေရာအသီးသီးသိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Toyota Camry, Toyota Corolla နဲ့ Honda Accord တို့ကလွဲပြီး ကျန်တဲ့ Top 10 စာရင်းဝင်ကားတွေအကုန်လုံးရဲ့ရောင်းအားရာခိုင်နှုန်းဟာအရင်နှစ်ကထက်တိုးတက်လာကြပါတယ်။ ၂၀၁၈ မှာရော Ford ဟာ Top 1 ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဉီးမလား ဘယ်သူတွေကို ဘယ်လိုကျော်တက်သွားမှာလဲဆိုတာကိုတော့ စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ရဉီးမှာဖြစ်ပါတယ်။

Via

Features

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories