December 10, 2018

We ❤️ New Cars!

New Car News in Burmese

၃၈ ကြိမ်မြောက် 2017 – 2018 Car of the year Japan final round ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။ Final Round မှာဆုအတွက် ကား ၁၀ စီးကိုခန့်မှန်းထားခဲ့ပါတယ်။ ခန့်မှန်းထားတဲ့ ကား ၁၀ စီးထဲက 2017 – 2018 Car of the year Japan ဆုကြီးကိုရရှိခဲ့တာကတော့ Volvo XC60 ပဲဖြစ်ပါတယ်။

Volvo Company အနေနဲ့ Car of the year Japan ဆုကိုရရှိခဲ့တာအခုမှပထမဉီးဆုံးအကြိမ်တော့မဟုတ်ဘူးဗျ။ 2013 မှာ Volkswagen Golf နဲ့ 2013 – 2014 Car of the Year Japan ဆုကိုရရှိခဲ့ဖူးတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Takuma Sato ဆိုတဲ့ လူကိုလည်းအထူးဆုပေးအပ်ခဲ့ပါသေးတယ်။ Takuma Sato ဆိုတဲ့လူကတော့ Indianapolis 500 ကိုအနိုင်ရရှိဖူးတဲ့ Racer တစ်ဉီးပါ။

Car of the year Japan 2017 – 2018 မှာပါဝင်တယ့် ကားတွေ ကပထမဉီးဆုံးအနေနဲ့ နိုဝင်ဘာ ကနေ အောက်တိုဘာအထိ ဂျပန်ကား မာကတ်မှာရှိနေပါတယ်။ နောက်တစ်ခုက Sale Target ပါ။ Sale Target အနေနဲ့ အနည်းဆုံး ၅၀၀ အထိရှိနေမှလည်း Car of the year Japan မှာ qualified ဖြစ်မှာပါ။ ကားတွေကိုရွေးချယ်တဲ့နေရာမှာ automotive journalists အပါအဝင် ပါဝင်ဆောင်ရွက်တဲ့အဖွဲ့ပေါင်း ၆၀ ပါဝင်ပါတယ်။

Voting System နဲ့ အကောင်းဆုံး ကား ၁၀ စီးထွက်ပေါ်လာတာဖြစ်ပါတယ်။ ကား ၁၀ စီးထဲကမှ တစ်ဖန် Voting System နဲ့ထပ်မံရွေးချယ်လိုက်တာကြောင့် Volvo XC60 ဟာ Car of the Year Japan ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ နောက် article တစ်ခုမှာပြန်တွေ့ပါ့မယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories