June 21, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်လေဆိပ်မှ ဘူတာကြီးအထိ ယာဉ်စီးခ ၅၀၀ ကျပ်နဲ့ပြေးဆွဲသွားမယ့် Airport Shuttle အမြန်ယာဉ်လိုင်း

Airport Shuttle အမြန်ယာဉ်လိုင်းအသစ်ဟာ ယာဉ်စီးခ ၅၀၀ ကျပ်နဲ့ ရန်ကုန်လေဆိပ်ကြီးကနေ ရန်ကုန်ဘူတာကြီးအထိ ဇွန်လ ၂၂ ရက်နေ့ကစတင်ပြီး ပြေးဆွဲသွားမှာဖြစ်တယ်လို့ Omni Focus ကုမ္ပဏီကနေတဆင့် သိရှိရတယ်လို့ ဆိုထားပါတယ်။ Airport Shuttle အမြန်ယာဉ်လိုင်းအသစ်ဟာ လေဆိပ်ကြီးကနေ ဘူတာကြီးအထိ ပထမဉီးဆုံးပြေးဆွဲပေးမယ့် ယာဉ်လိုင်းအသစ်တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ၈ မိုင်လမ်းဆုံ၊ ရန်ကုန်ဟိုတယ်၊ နဝဒေးရုပ်ရှင်ရုံ၊ ကမ္ဘာအေးဘုရားလမ်း၊ Sedona Hotel၊ မြန်မာပလာဇာ၊ Melia Hotel၊ Excel ဟိုတယ်၊ ရွှေဂုံတိုင်၊ ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ဉယာဉ်၊ Park Royal ဟိုတယ်၊ သမ္မတရုပ်ရှင်ရုံ၊ Shangri-La ဟိုတယ်၊ Sule Square၊ ဆူလေးဘုရား၊ ရန်ကုန်ဘူတာကြီး အထိ လမ်းခရီးတစ်လျှောက်မှတ်တိုင် ၁၆ ခုမှာ ခရီးသည်အတင်အချပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ […]

Auto News

2019 Spring Summer Collection ကိုချပြခဲ့တဲ့ Lamborghini

Lamborghini ဟာတော့သူ့ရဲ့ 2019 Spring Summer Collection ကို Palazzo Gavazzi မှာကျင်းပခဲ့တဲ့ Milano Moda Uomo Fashion week မှာချပြခဲ့ပြီပဲဖြစ်ပါတယ်။ 2019 Spring Summer Collection တွေဖြစ်တဲ့ Huracan Performante နဲ့ Huracan RWD Coupe ကိုဖော်ပြခဲ့တာပါ။ ဖက်ရှင်ပြပွဲတစ်ခုလုံးကို Lamborghini အငွေ့အသက်တွေနဲ့ပြည့်နှက်နေအောင် Lamborghini ကားအရုပ်တွေ၊ ပုံရိပ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ကျီ collections တွေနဲ့ ပရိဘောဂအသုံးအဆောင် collections တွေကိုလည်း Lamborghini အငွေ့အသက်နဲ့ တစ်သားတည်းဖြစ်နေအောင် ဖော်ပြထားတာကိုတွေ့ရဉီးမှာဖြစ်ပါတယ်။ ထူးခြားတာက Milano Moda Uomo Fashion week မှာ Cervelo နဲ့ […]

Auto News

Grab လုပ်ငန်းစုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရင်းနှီးသွားမယ့် Toyota

ဂျပန်ကားကုမ္ပဏီ Toyota ဟာတော့ စင်္ကာပူအခြေစိုက် Grab ရဲ့အရှေ့တောင်အာရှလုပ်ငန်းစုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရင်းနှီးမြှပ်နှံသွားဖို့ရှိတယ်လို့သိရပါတယ်။ အခုလိုရင်းနှီးမြှပ်နှံမှုကြောင့် Toyota ဟာ အရှေ့တောင်အာရှက Grab လုပ်ငန်းစုရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်သွားမှာပါ။ Grab အနေနဲ့ အခုလို Toyota နဲ့ပူးပေါင်းရတဲ့ရည်ရွယ်ချက်ကတော့ Mobility Strategy အသစ်တွေဖန်တီးသွားဖို့နဲ့ အရှေ့တောင်အာရှလုပ်ငန်းစုရဲ့ Online-to-offline services တွေကို တိုးချဲ့သွားဖို့ဖြစ်တယ်လို့သိရပါတယ်။ Food delivery, Electronic payments အစရှိတဲ့ Service အသစ်တွေကို တိုးချဲ့သွားဖို့ဖြစ်ပါတယ်။ အခုလိုပူးပေါင်းမှုနဲ့ပတ်သက်ပြီး Grab ရဲ့ president ဖြစ်သူ Ming Maa က “ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်မှုရရှိထားတဲ့ Toyota အနေနဲ့ အခုလို Grab ကိုလာရောက်ရင်းနှီးမြှပ်နှံမှုပြုလုပ်တာဟာ အရှေ့တောင်အာရှ region အတွက် ကျွန်တော်တို့ […]

Auto News

မိုးရေတွေထဲမှာ ကားကိုအန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုမောင်းမလဲ ? 

အခု မိုးတွင်းလည်းရောက်နေပြီဆိုတော့ ကားမောင်းရတာ ခြောက်သွေ့တဲ့ နွေရာသီနဲ့ ဆောင်းရာသီထက်ပိုပြီးခက်ခဲနေမှာဖြစ်သလို အန္တရာယ်လည်း အနည်းငယ်ပိုရှိနိုင်ပါတယ်။ အဲ့လို အခက်တွေမဖြစ်ရအောင်နဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်ပြီး မောင်းနှင်နိုင်အောင် Automyanmar က ရိုးရှင်းပြီး အကျိုးရှိစေမယ့်နည်းလမ်း (၅) မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (အချိန်ကိုက်ပါပဲနော် 😎).. စပါပြီ။ ၁. ဖြည်းဖြည်းမောင်းပါ ဒီအချက်ကတော့ အရေးကြီးဆုံးအချက်ဖြစ်ပေမယ့် လူကြီးတွေပြောနေတာတွေ၊ ကြော်ငြာတွေမှာ ခဏခဏမြင်နေ/ကြားနေရတဲ့အချက်ဖြစ်တာကြောင့် တော်တော်များများက မေ့နေ (သို့) ဂရုမစိုက်မိ တဲ့အချက်ပါ။ ပုံမှန်ခြောက်သွေ့တဲ့ရာသီမှာ ဆိုရင် ကားကိုအရှိန်မြန်မြန်နဲ့မောင်းရင် ဘရိတ်ကိုပြန်ထိန်းချုပ်ဖို့က လွယ်ကူပေမယ့် စိုစွတ်တဲ့မိုးရာသီမှာတော့ ဘရိတ်ကိုပြန်ထိန်းဖို့က ပုံမှန်ထက်အနည်းငယ်ကြာနေတတ်ပါတယ်။ အဲ့ဒါကြောင့် မိုးရေထဲမှာကားမောင်းမယ်ဆိုရင် သူများတွေဘယ်လို အရှိန်နှုန်းနဲ့မောင်းနေတာကို ဂရုမစိုက်ပဲ ကိုယ့်ရဲ့ကားအရှိန်ကို တတ်နိုင်သမျှနည်းအောင်ထားပြီးမောင်းနှင်ပါလို့ဆိုချင်ပါတယ်။   ၂. ကားကိုအလယ်လမ်းကနေမောင်းပါ မိုးရေထဲမှာ မိတ်ဆွေကားကို တည်နေရာယူတဲ့အခါ […]

Features

YPS အတွက်တင်ဒါအောင်မြင်သူအဖြစ်သတ်မှတ်ခြင်းခံလိုက်ရပြီဖြစ်တဲ့ Asia Starmar Transport Intelligent Co., Ltd

YBS ယာဉ်လိုင်းတွေမှာ ကတ်နဲ့အသုံးပြုနိုင်တဲ့ YPS (Yagon Payment Service) စနစ် ကိုပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ကုမ္ပဏီပေါင်း ၂၁ ခုကိုရွေးချယ်ခဲ့ပြီး ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေထဲက စကာတင်အဖြစ် Anypay Payment Services, Asia Starmar Transport Intelligent နဲ့ Excel KC Myanmar အစရှိတာတွေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Excel KC Myanmar ဟာ စတင်ကာတင်ကုမ္ပဏီတွေထဲက ပထမဉီးဆုံး တင်ဒါအောင်မြင်မှုရရှိခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပေမယ့် Excel KC Myanmar နဲ့ ပူးပေါင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Acer ဟာပူးပေါင်းမှုကနေ နှုတ်ထွက်သွားတာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က YPS တင်ဒါအောင်ကုမ္ပဏီတစ်ခုအဖြစ်မှ ပယ်ချခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်။ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့အနေနဲ့ […]

Auto News

Freestyle Rapping နဲ့ 2018 Mitsubishi Eclipse Cross ကိုမိတ်ဆက်ပေးခဲ့တဲ့ Harry Mack

Freestyle Rapper တစ်ဉီးဖြစ်သူ Harry Mack ကတော့ Mitsubishi ရဲ့ Campaign ဖြစ်တဲ့ “Harry Mack Freestyle Test Drive”  မှာ ပါဝင်ပြီး Rapping တွေနဲ့အတူ 2018 Eclipse Cross ကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ လာရောက်စမ်းသပ်မောင်းနှင်သူတွေကို Freestyle Rapping နဲ့ကားအကြောင်း မိတ်ဆက်တဲ့ပုံစံမျိုး ဖန်တီးထားတာကြောင့် စိတ်ဝင်စားစရာကောင်းလှတဲ့ Campaign တစ်ခုလို့ဆိုရမှာပါ။ Mack ကို Rapping တွေကိုတော့ အောက်ကဗီဒီယိုမှာခံစားနိုင်မှာဖြစ်ပါတယ်။ ကားရဲ့ Display ပိုင်း၊ ကာလာအနေအထား၊ ထိုင်ခုံမှာ Heat တပ်ပေးထားမှု၊ ၁၈ လက်မ Alloy Wheels ပါဝင်မှု၊ စပီကာ ၈ လုံး၊ USB charging, LED […]

Auto News

Electrified performance အတွက် Volvo Cars နဲ့ Polestar တို့ပူးပေါင်းပြီး “Polestar Engineered” ကိုဖန်တီးလိုက်ပြီ

Volvo ကားကုမ္ပဏီကတော့ Electrified performance အတွက် Polestar နဲ့ပူးပေါင်းပြီး Polestar Engineered ကိုဖန်တီးလိုက်ပြီဆိုတဲ့အကြောင်းကိုတော့ Premium sports ကားအမျိုးအစား S60 ကိုမချပြခင်တစ်ပတ်အလိုက ကြေညာခဲ့တာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ Polestar Engineered ကတော့ နောက်လာမယ့် Volvo ရဲ့ 60 series T8 Twin Engine plug-in hybrid ကားအမျိုးအစားတွေမှာ ထည့်သွင်းသွားဖို့ ဖြစ်တယ်လို့လဲသိရပါတယ်။ Polestar Engineered ဆိုတာဘာလဲ ? Polestar Engineered ဆိုတာကတော့ Volvo ကားတွေအတွက် update တစ်ခုပါ။ System ပိုင်းဆိုင်ရာတွေကို တိုးမြှင့်မှုတွေပြုလုပ်ပေးမယ့် Software update တစ်ခုလိုပါပဲ။ နာမည်ကြီးကတစ်မျိုးကြီးဖြစ်နေတာကြောင့် နာလည်ရအနည်းငယ်ခက်နေသလို ဖြစ်နေတာပါ 😁) ပူးပေါင်းဖန်တီးထားတဲ့ Polestar […]

Auto News

INFINITI Engineering Academy ရဲ့ 2018 Canadian Winner အဖြစ်ရွေးချယ်ခြင်းခံခဲ့ရတဲ့ကျောင်းသားတစ်ဉီး

INFINITI Engineering Academy ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ငယ်ရွယ်ထက်မြက်ပြီးအရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေကို INFINITI နဲ့အလုပ်အတူတူတွဲလုပ်သွားနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။ ပြောရရင် အရည်အချင်းရှိတဲ့ လူတွေကို recruit လုပ်ဖို့ဖန်တီးထားတဲ့ပုံစံမျိုးပါ။ အဲ့လို အရည်အချင်းရှိသူတွေကို ခေါ်ယူတဲ့ INFINITI Engineering Academy မှာတော့ အင်ဂျင်နီယာကျောင်းသားတစ်ဉီးဖြစ်သူ Chase Pelletier ဟာ 2018 Canadian Winner အဖြစ်ရွေးချယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ Chase ကတော့ အသက် ၂၂ နှစ်အရွယ်သာရှိပြီး အွန်တေးရီးယိုးပြည်နယ်မှာရှိတဲ့ ဘရမ်(မ်)တန်မ် မှာနေထိုင်တာဖြစ်ပါတယ်။ UOIT (University of Ontario Institute of Technology) ကအင်ဂျင်နီယာကျောင်းသားတစ်ဉီးလည်းဖြစ်ပါတယ်။ Chase အနေနဲ့ အခုလို INFINITI Engineering Academy မှာ Winner အဖြစ်ရွေးချယ်ခံလိုက်ရတာကြောင့် INFINITI, Renault Sport Formula One™ Team အစရှိတဲ့ […]

Auto News

အရည်အချင်းပြည့်ဝတဲ့မောင်းနှင်သူဖြစ်အောင်ကူညီပေးမယ့် နည်းလမ်း (၅) မျိုး

ကားမောင်းနည်းကိုသင်ပေးခဲ့တဲ့ မိတ်ဆွေရဲ့ လက်ဉီးဆရာဘယ်သူလဲဗျ… အဖေ (သို့) သင်တန်းကဆရာလား ?… အဖေဆိုရင်တော့ သေချာပါတယ်၊ တော်တော်လေးအပွားခံခဲ့ရမှာ 😆) ဒီနေ့ Automyanmar ကတော့ မိတ်ဆွေကို အရည်အချင်းပြည့်ဝတဲ့မောင်းနှင်သူဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်း ၅ မျိုးကို ဖော်ပြပေးသွားမှာပါ။ ဖော်ပြသွားမယ့် Tips လေးတွေဟာ အခုမှစပြီး ကားမောင်းမယ့်သူတွေအတွက်ရော၊ အတွေ့အကြုံရှိပြီးသားလူတွေအတွက်ရော အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ၁. ဘရိတ်အတွက် ဘယ်ဘက်ခြေထောက်ကိုအသုံးပြုပါ ဒီအချက်က လေ့ကျင့်မှုအလုံအလောက်မရှိတဲ့မောင်းသူဆိုရင် ဘရိတ် နဲ့ Accelerator pedal ကိုမှားနှင်းမိနိုင်တာကြောင့်  အနည်းငယ်အန္တရာယ်ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီအချက်က ကားမောင်းသင်နေတဲ့လူတွေ၊ လက်ရှိ မောင်းနှင်သူတွေအနေနဲ့ မကြိုက်နှစ်သက်ကျတဲ့ အချက်တစ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် မိတ်ဆွေဟာ ဘယ်ဘက်ခြေနဲ့ ဘရိတ်နင်းပြီး ညာခြေနဲ့ Accelerator pedal နင်းမောင်းနည်း […]

Features

မန္တလေးမှာဆက်လက်ကျင်းပနေတဲ့ BMW Myanmar ရဲ့ Test Drive အစီအစဉ်

မေလတုန်းက BMW ဟာ ရန်ကုန်မြို့မှာ Test Drive အစီအစဉ်ကို နှစ်ပတ်တာကျင်းပခဲ့ပြီး အခုဆိုရင်တော့ မန္တလေးမြို့မှာ Test Drive အစီအစဉ်ကို ကျင်းပနေပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကပဲ မန္တလေးမြို့ကြီးမှာ Test Drive အစီအစဉ်ရဲ့ ဒုတိယမြောက်နေ့ကိုကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိကျင်းပမှုဟာ ဒုတိယမြောက်အပတ် ဖြစ်ပြီး လာမယ့် ဇွန်လ ၁၇ ရက်နေ့ (တနင်္ဂနွေ) အထိကျင်းပသွားမှာပဲဖြစ်ပါတယ်။ Test Drive အချိန်ကိုတော့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိသတ်မှတ်ထားပါတယ်။ Test Drive မှာမိတ်ဆွေမောင်းနှင်နိုင်မယ့် BMW ကားမော်ဒယ်တွေကတော့ BMW 2 Series Gran Tour, BMW 5 series အသစ်, […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories