May 23, 2018

We ❤️ New Cars!

New Car News in Burmese

လိုင်စင်မဲ့ကားတွေကိုထိထိရောက်ရောက်အရေးယူဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက နိုင်ငံတော်သမ္မတထံတင်ပြသွားမည်

နယ်စပ်ဒေသတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေက နိုင်ငံတော်သမ္မတဆီ တင်ပြသွားမှာဖြစ်တယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနက တဆင့်သိရှိရတာဖြစ်ပါတယ်။ အခုလို နိုင်ငံတော်သမ္မတဆီ တင်ပြတာဟာ လိုင်စင်မဲ့ကားတွေကြောင့်သာမဟုတ်ပဲ တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ထိန်းချုပ်ဟန့်တားဖို့အတွက်လည်း ဖြစ်တယ်လို့လဲသိရပါတယ်။ အရေးယူမှုနဲ့ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန အရာရှိတစ်ဉီးက “လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်ဖမ်းဆီးဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနိုင်ငံတော်သမ္မတထံတင်ပြဖို့ လုပ်နေကြတယ်။ လိုင်စင်မဲ့ကားတွေမှမဟုတ်ဘူး၊ နယ်စပ်က တရားမဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုလည်း ထိန်းချုပ်ဖို့လုပ်နေတယ်။ နောက်ပိုင်းဆို တရားမဝင်ကားတွေသွားလာတာကို နိုင်ငံတကာလို တံတားတွေပေါ်ကနေပဲ ဖြတ်သန်းခွင့်ပြုမှာပါ။” လို့ပြောကြားခဲ့ပါသေးတယ်။ လိုင်စင်မဲ့ကားတွေ အများဆုံးဝင်ရောက်လာတဲ့နေရာကတော့ ထိုင်းနိုင်ငံ မြဝတီနယ်စပ်ကပဲဖြစ်ပါတယ်။ လက်ရှိမှာတာ့ တရားဝင်ရောက်ရှိလာတဲ့ ကားတွေကို မှုဝါဒတွေထုတ်ပြန်ပြီး အခွန်အခများကောက်ခံနေတာဖြစ်ပြီး တရားမဝင် ဝင်ရောက်လာတဲ့လိုင်စင်မဲ့ကားတွေကို ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးကြောင်းကိုလည်း သိရှိရပါတယ်။

Auto News

AMCI Global ရဲ့ “2018 Most Trusted Automotive” brand တစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ KIA

KIA ဟာတော့ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ AMCI Global သတ်မှတ်တဲ့ “2018 Most Trusted Automotive Non-Luxury brand” ၃ မျိုးထဲက ၁ မျိုးအဖြစ်ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ AMCI global ကကြီးမှူးကျင်းပတဲ့ Trusted Automotive Brands Study (TABS) မှာပဲ KIA ကို 2018 Most Trusted Automotive Non-Luxury brand တစ်ခုအဖြစ်အသိအမှတ်ပြုလိုက်တာပဲဖြစ်ပါတယ်။ KIA ဟာ Most Trusted Automotive brand အဖြစ်အသိအမှတ်ပြုခံရတာ အခု TABS နဲ့ဆို နှစ်ကြိမ်မြောက်ပါ။ (နှစ်ကြိမ်ဆက်တိုက်အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။) အားလုံးသိကြတဲ့အတိုင်း ယုံကြည်မှုဆိုတာဟာ Brand တစ်ခုရဲ့ ဂုဏ်ကိုပိုမိုတိုးတက်စေတဲ့အရာတစ်ခုဖြစ်သလို ဝယ်သူတွေစိတ်ချလက်ချဝယ်ယူနိုင်အောင်ဖန်တီးပေးတဲ့အရာတစ်ခုပါ။ အဲ့လို ယုံကြည်မှုကိုထောက်ခံပေးခြင်းခံရတာ တစ်ကြိမ်တောင်မဟုတ်ပဲ နှစ်ကြိမ်ဆက်တိုက်ဆိုတော့ […]

Auto News

အနားယူသွားပြီဖြစ်တဲ့ Nissan ရဲ့ ၅၄ နှစ်အရွယ် CFO

Nissan ရဲ့  အသက် ၅၄ နှစ်အရွယ်ရှိတဲ့ Joe Peter ဆိုသူကတော့ Nissan ရဲ့ CFO (Chief Financial Officer) နေရာကနေအနားယူသွားပြီပဲဖြစ်ပါတယ်။ Peter ဟာ ၁၉၆၃ ခုနှစ် မေလ မှာမွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်ရောက်တော့ General Motors ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ရှန်ဟိုင်း General Motor ရဲ့ Vice president နဲ့ CFO ဖြစ်လာတာပဲဖြစ်ပါတယ်။ General Motor မှာ CFO အဖြစ်တာဝန်ထမ်းဆောင်ပြီး လအနည်းငယ်အကြာမှာတော့ Peter ဟာ Nissan Corp ကိုဝင်ရောက်လာခဲ့ပါတယ်။ နှစ်လအကြာမှာတော့ Nissan ရဲ့ CFO တစ်ဉီးဖြစ်လာပြီး Finance, IR, […]

Auto News

2018 California Air Quality Award ကိုသိမ်းပိုက်ခဲ့တဲ့ Honda Clarity series!

Honda ရဲ့ Clarity series ဟာ လေထုညစ်ညမ်းမှုနည်းပါးအောင်ဖန်တီးထားတဲ့ Vehicle ဖြစ်တာကြောင့် Coalition for Clean Air ကချီးမြှင့်တဲ့ 2018 California Air Quality Award ကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ Coalition for Clean Air (CCA) ကတော့ ၁၉၇၁ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ကယ်လီဇိုးနီးယား အကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် အထူးသဖြင့်လေထုညစ်ညမ်းမှုရန်တွေကို ကာကွယ်ပေးဖို့ပါ။ CCA ဟာလူတိုင်းလူတိုင်းလေကောင်းလေသန့်ကိုရှုဖို့အခွင့်အရေးရှိတယ်လို့ ယုံကြည်ထားတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ Honda ဟာသူ့ရဲ့ Clarity series ကို ၂၀၁၈ အတွင်း ကယ်လီဖိုးနီးယားမှာ ၅၆ ရာခိုင်နှုန်းအထိရောင်းချခဲ့ပြီးပြီဖြစ်ပါတယ်။ ၅၆ ရာခိုင်နှုန်းအထိ ကယ်လီဖိုးနီးယားမှာရောက်ရှိနေတာတောင် လေထုညစ်ညမ်းမှုကိုလျော့ချသေးနိုင်ဆိုတော့ Clarity series ဟာတော်တော်လေးအခြေအနေကောင်းတဲ့အဆင့်ရောက်ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ […]

Auto News

All-new CX-3 ကားအသစ်ကိုမြန်မာနိုင်ငံမှာစတင်မိတ်ဆက်နေပြီဖြစ်တဲ့ Mazda

Mazda ဟာ CX-3 ကားအသစ်ကိုပြီးခဲ့တဲ့ရက် (မေလ ၁၇ ရက်နေ့) က Junction Square Shopping Mall မှာစတင်ကျင်းပခဲ့တဲ့ Road Show မှာပြသမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ Road Show ကာလကတော့ မေလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိပါ။ (မိတ်ဆွေအနေနဲ့သွားရောက်လည်ပတ်ဖို့အချိန်တွေရှိပါသေးတယ်နော်..) JS က Road Show မှာဆိုရင် All-new CX-3 အပြင်အလန်းစား Mazda ကားအချို့ကိုပါပြသနေတာဖြစ်ပါတယ်။ Road Show မှာ on fire ဖြစ်နေတဲ့ All-new CX-3 အကြောင်းလေးအနည်းငယ်ပြောပါရစေ။ CX-3 ဟာဆိုရင် ဂျပန်နိုင်ငံထုတ်ကားအမျိုးအစားဖြစ်ပြီး SKYACTIV-G အင်ဂျင် (ဒီဇယ်အင်ဂျင်) ပါဝင်ပြီး အင်ဂျင်ပါဝါ 2.0 အထိရှိပါတယ်။ Semi-Auto […]

Auto News

Grab Taxi Driver များရဲ့ ဖဲကြိုးဖြူလှုပ်ရှားမှု အကြောင်းရင်း

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ Grab taxi ယာဉ်မောင်းသူများမှ Grab Myanmar ကို ဆန္ဒပြတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ဖဲကြိုးဖြူလှုပ်ရှားမှုကို ယာဉ်မောင်းသူဉီးရေ ၁၀၀ကျော်နဲ့ လုပ်ဆောင်နေတယ်လို့ Yangon Taxi driver group မှတဆင့်သိရပါတယ်။ လှုပ်ရှားမှုမှာပါဝင်သူတွေဟာ မိမိကားမှာ ဖဲကြိုးအဖြူလေးကို စည်းနှောင်ထားကြပါမယ်။ ၂၀၁၆/၂၀၁၇ ခုနှစ်လောက်ကစပြီးတွင်ကျယ်လာတဲ့ taxi application တွေထဲက ဒီနှစ်အစောပိုင်းလောက်မှာ Uber က အရှေ့တောင်အာရှကထွက်ခွာသွားတဲ့နောက် ကြီးကြီးမားမားလုပ်ငန်းအနေနဲ့နေရာယူလာတဲ့ Grab ဟာ သူ့ရဲ့ ယာဉ်မောင်းသူတွေနဲ့အဆင်မပြေမှုတွေကြုံနေပုံရပါတယ်။ ဒီရက်ပိုင်း ဆီစျေးတွေကထိုးတက်တာနဲ့၊ Grab က ယာဉ်မောင်းတွေဆီကဝန်ဆောင်ခ 15% ကနေ 20% တိုးမြှင့်ပြောင်းလဲကောက်ခံတာနဲ့လဲတိုက်ဆိုင်သွားတာကြောင့်လဲဖြစ်နိုင်ပါတယ်။ ပြီးတော့ ယာဉ်မောင်းတွေအနေနဲ့ Grab က သူတို့အတွက် အာမခံမှုတွေ ဝန်ဆောင်မှုတွေသေချာမပေးနိုင်တာနဲ့ သူတို့အပေါ်ဆက်ဆံမှုတွေကို မကျေနပ်တာကြောင့် အခုလိုဆန္ဒပြရတာပါလို့ facebook […]

Auto News

S60 Sedan ကားအသစ်ထွက်ရှိပြီးရင် ဒီဇယ်အင်ဂျင်ကားတွေကိုဆက်လက်ထုတ်လုပ်သွားမှာမဟုတ်တဲ့ Volvo 

Volvo အနေနဲ့လာမယ့် နွေရာသီအကုန်နားလောက်မှာစတင်ရောင်းချမဲ့ Sedan အမျိုးအစား S60 ကစပြီး နောက်ပိုင်းမော်ဒယ်ကားတွေမှာ ဒီဇယ်အင်ဂျင်ကိုအသုံးပြုသွားမဟုတ်ကြောင်းကို ပြီးခဲ့ရက်ကပဲ တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ မကြာခင်တွေ့မြင်ရမယ့် S60 Sedan ကားဟာ ဒီဇယ်အင်ဂျင်အသုံးမပြုထားတဲ့ ပထမဆုံး Volvo ကားအမျိုးအစားဖြစ်ပြီး Volvo ရဲ့ Long-term plan (သို့) Electrification strategy ကိုရောက်ရှိဖို့ကိုယ်စားပြုနေတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ Electrification strategy အရ Volvo ဟာ ၂၀၁၉ ကစတင်ပြီးဖြန့်ချီမယ့်ကားတွေကို ဒီဇယ်အမျိုးအစားပုံစံဖန်တီးတော့မှာမဟုတ်ပဲ Mild petrol hybrid, Plug-in petrol hybrid (သို့) Battery electric vehicle အစရှိတဲ့ အမျိုးအစား Vehicle တွေကိုသာဉီးတည်ဖန်တီးသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ အနာဂတ်စီမံကိန်းနဲ့ပတ်သက်ပြီး Volvo ရဲ့ president နဲ့ chief […]

Auto News , New Models

မြန်မာပလာဇာမှာကျင်းပခဲ့တဲ့ Road Show ကာလအတွင်း ကားအစီးရေ ၈၀ ကျော်ရောင်းချနိုင်ခဲ့တဲ့ Toyota Myanmar

Toyota Myanmar အနေနဲ့ပြီးခဲ့တဲ့  မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် မြန်မာပလာဇာမှာ ကျင်းပခဲ့တဲ့ Toyota Road Show မှာ ကားအစီးရေ ၈၀ ကျော်ကိုရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ Road Show ကာလအတွင်း Land Crusier, Fortuner, Vios, Camry, Double Cab, Extra Cab, Hiace, Corolla တို့အပြင် ပြည်တွင်းစျေးကွက်မှာ မိတ်ဆက်ခဲ့တာမကြာသေးတဲ့ ကားအသစ်လေး Toyota Avanza ကိုပါ ပြသရောင်းချခဲ့တာပဲဖြစ်ပါတယ်။ မိတ်ဆက်တာမကြာလှသေးတဲ့ Toyota Avanza ကတော့ MPV (Multi Purpose Vehicle) အမျိုးအစားဖြစ်ပြီး လူ ၇ ယောက်ကနေ ၈ ယောက်အထိ လိုက်ပါစီးနှင်နိုင်မှာဖြစ်ပါတယ်။ […]

Auto News

YBS ယာဉ်တွေနယ်ကျော် အော်ဒါလိုက်မောင်းနှင်ပါက ဉပဒေအရအရေးယူခြင်းခံရမည်

ရန်ကုန်မြို့အတွင်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်နေတဲ့ YBS ယာဉ်တွေကို ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ရန်​ကုန်​တိုင်း​ဒေသကြီး အများပြည်​သူ သယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှုအာဏာပိုင် ကနေသိရှိရပါတယ်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ခရီးသည်တင်ယာဉ်တွေကိုပေးအပ်ထားတဲ့ လုပ်ငန်းလိုင်စင်ဟာရန်ကုန်မြို့တွင်းမှာသာ ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။ နယ်ကျော်ပြီးပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို တွေ့ရှိပါက ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရ ပိတ်သိမ်းသွားမှာပဲဖြစ်ပါတယ်။ အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှု အာဏာပိုင်​အဖွဲ့ တာဝန်​ရှိသူတစ်​ဦးကလည်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်မှုနဲ့ပတ်သက်ပြီး “တစ်​ချိူ့ YBS ကား​တွေက နယ်​​ကျော်​ပြီး​ပြေးဆွဲ​နေတာရှိ​နေတယ်။​ အရင်​က​တော့ ဒဏ်​​ကြေးနဲ့ပဲ အခု ယာဉ်​လိုင်​း​ပြေးဆွဲတာနဲ့ CNG ကိုလည်​း ပိတ်​သိမ်​းသွားမယ်​။“ လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ တချို့ယာဉ်တွေဟာ နယ်ကျော်ပြေးဆွဲနေတာဖြစ်ပြီး လက်ရှိမှာ နယ်ကျော်ပြေးဆွဲခဲ့သောယာဉ် ၂၅ စီးကို ဉပဒေအရအရေးယူပြီးပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။

Auto News

မော်ဒယ်အသစ်ကားတွေတိုင်းမှာ ProPILOT technology ကိုထည့်သွင်းဖို့ရှိနေတဲ့ Nissan

Nissan ဟာတော့ Semi-autonomous driving system တစ်ခုဖြစ်တဲ့ ProPILOT technology ကို မော်ဒယ်အသစ်ကားတွေမှာ ထပ်မံထည့်သွင်းသွားဖို့ရှိနေတယ်လို့ Nissan ရဲ့ CEO Hiroto Saikawa ပြောကြားခဲ့တာဖြစ်ပါတယ်။ Nissan ဟာလက်ရှိမှာတော့ ProPILOT technology ကို ကားအစီးရေ ၁ သိန်း ၂ သောင်းကျော်မှာထည့်သွင်းထားပြီး တစ်ကမ္ဘာလုံးမှာဖြန့်ချီရောင်းချပြီးနေပါပြီ။ ProPILOT technology ဆိုတာ..? ProPILOT (Professional Pilot) ကတော့ ကားမောင်းနှင်သူကို ထောက်ပံ့ပေးတဲ့ System တစ်ခုပါ။ သွားရာလမ်းကြောင်းကိုထိန်းကျောင်းပေးတာတို့၊ မီးပွင့်အခြေအနေကိုကြည့်ပြီး ရပ်တာ/သွားတာတို့၊ ကားရဲ့အရှိန်နှုန်းအနည်းအများကို ထိန်းချုပ်ပေးတာတို့၊ ရှေ့ကားနဲ့မညိအောင် အကွာအဝေးသတ်မှတ်ပေးတာတို့ အစရှိတာတွေကို အလိုအလျှောက်လုပ်ဆောင်ပေးသွားမယ့် Technology ပဲဖြစ်ပါတယ်။ ProPILOT ဟာလက်ရှိမှာ Nissan Intelligent Mobility […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories