April 19, 2018

We ❤️ New Cars!

New Car News in Burmese

သင်္ကြန် ၄ ရက်တာကာလအတွင်း YBS နဲ့ပတ်သက်ပြီးတိုင်ကြားမှု ၇၀ ကျော်ရှိနေ

အတာသင်္ကြန် ၄ ရက်တာကာလအတွင်း YBS ယာဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ Hot line ကိုတိုက်ရိုက် တိုင်ကြားမှုဟာ ၇၀ ကျော်အထိရှိနေတယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ရဲ့ပြောကြားချက်ကတစ်ဆင့်သိရှိခဲ့ရပါတယ်။ တိုင်ကြားမှုပေါင်း ၇၀ ကျော်မှာ ခရီးအစအဆုံးပြေးဆွဲခြင်းမရှိတဲ့အမှု၊ ယာဉ်လုပ်သားတွေရိုင်းပြစော်ကားတဲ့အမှု နဲ့ သတ်မှတ်ထားတဲ့ယာဉ်စီးခထက်ပိုမိုကောက်ခံတဲ့အမှု အစရှိတာတွေပါဝင်ပါတယ်။ ခရီးအစအဆုံးပြေးဆွဲခြင်းမရှိတဲ့အမှု နဲ့ ယာဉ်လုပ်သားတွေရိုင်းပြစော်ကားတဲ့အမှု အတွက်တိုင်ကြားမှုကအနည်းငယ်သာရှိနေပြီး သတ်မှတ်ထားတဲ့ယာဉ်စီးခထက်ပိုမိုကောက်ခံတဲ့အမှုက တိုင်ကြားမှုရဲ့ထက်ဝက်ကျော်လောက်အထိရှိနေတယ်လို့သိရပါတယ်။ သင်္ကြန်အတွင်း တိုင်ကြားထားတဲ့အမှုတွေကိုလက်ရှိမှာ ကိုင်တွယ်ဆောင်ရွက်ဉီးမှာမဟုတ်သေးပဲ အာဏာပိုင်အဖွဲ့ရဲ့ အစည်းဝေးဆုံးဖြတ်ချက်ထွက်ရှိမှသာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ သင်္ကြန်​အတွင်း​ ခရီးသည်​တင်​ ယာဉ်​လိုင်းများက ယာဉ်​စီးခပို​တောင်​းမှု ဟာနှစ်စဉ်နှစ်တိုင်းဖြစ်နေတာဖြစ်ပြီး တိုင်ကြားမှုတွေရှိနေပေမယ့် ထိထိရောက်ရောက်အရေးယူမှုတွေမလုပ်ဆောင်တာကြောင့် ယခုတိုင်ဆက်လက်ဖြစ်နေတာဖြစ်တယ် လို့လဲ ခရီးသွားပြည်သူတချို့က ပြောဆိုနေကြပါတယ်။  

Auto News

တိုးမြှင့်မှုတွေပြုလုပ်ထားတဲ့ e-NV200 ကိုတစ်ဖန်ပြန်လည်မိတ်ဆက်သွားတဲ့ Nissan

Nissan ဟာ Electric Commercial Vehicle ဖြစ်တဲ့ e-NV200 ကို ဘက်ထရီပိုင်းဆိုင်ရာတိုးမြှင့်မှုတွေပြုလုပ်ပြီး လွန်ခဲ့တဲ့အချိန်အနည်းငယ်ကပဲ တစ်ဖန်ပြန်လည် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဂျပန် JC08 စံနှုန်းအရ ၃၀၀ ကီလိုမီတာအထိမောင်းနှင်နိုင်တဲ့ 40 Kilowatt-hour ဘက်ထရီနဲ့ e-NV200 vehicle ကိုပံ့ပိုးပေးထားတာပါ။ ဒါ့အပြင် ကားရဲ့အတွင်းပိုင်းအရှေ့ခန်းကလည်း Driver-friendly ပုံစံမျိုးဖြစ်နေပြီး အရှိန်နှုန်းကလည်း တော်တော်လေးမြန်ဆန်ဆန်ရှိနေပါတယ်။ လျှပ်စစ်သီးသန့်ကားတွေအတိုင်း အရှိန်နှုန်းမြန်နေပေမယ့် မောင်းရတာ တိတ်ဆိတ်ပြီး တော်တော်လေးလဲငြိမ်သက်လှပါတယ်။ e-NV200 အသစ်မှာဆိုရင် 100V outlet Power Plug ပါဝင်ပြီး စက်ပစ္စည်းတွေအားသွင်းတာ (သို့) လျှပ်စစ်ပစ္စည်းအသေးစားလေးတွေကို သုံးစွဲတာ အစရှိတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ EV Power Station ကိုကားမှာထပ်သွင်းလိုက်ရင်တော့ အိမ်ခန်းကိုလျှပ်စစ်ဓာတ်ပေးတာ၊ ဆိုင်ခန်းဖွင့်တာတွေ တင်မဟုတ်ပဲ ကားမှာစွမ်းအင်ကုန်သွားတဲ့အချိန်မှာ အရေးပေါ်စွမ်းအင်အဖြစ်ထုတ်ယူသုံးစွဲနိုင်တဲ့အထိ […]

Auto News , New Models

Nissan Formula E ဖြန့်ချီမှု Event ကိုဉီးဆောင်ကျင်းပပေးခဲ့တဲ့ Harley Quinn သရုပ်ဆောင်မင်းသမီး

Academy ဆုအတွက်ခန့်မှန်းခြင်းခံထားရပြီး Harley Quinn နေရာမှာပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ သြစတေးလျသရုပ်ဆောင် Margot Robbie ဟာတော့ ပြီးခဲ့တဲ့ရက်က ကယ်လီဖိုးနီးယား လော့စ်အိန်ဂျယ်လိစ်မြို့ မှာကျင်းပသွားတဲ့ Nissan ရဲ့ Formula E ဖြန့်ချီမှု Event ကိုဉီးဆောင်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ Robbie ဟာတော့ Nissan EV (Electric Vehicle) တွေရဲ့ Brand Ambassdor တစ်ဉီးပါ။ EV Brand Ambassdor တစ်ဉီးအနေနဲ့ Nissan ရဲ့ EV Formula E ကိုမြို့တွင်းမှာစမ်းသပ်မောင်းနှင်ပြီး ခံစားရတဲ့အတွေ့အကြုံကိုအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။ “ကျွန်မအနေနဲ့ Nissan ရဲ့ရှေးဉီးကားတွေမှာ လေထုသန့်စင်အောင်၊ ကမ္ဘာတစ်ဝှမ်းစွမ်းအင်သုံးစွဲမှုမျှတနေအောင်ဖန်တီးထားတာကိုတွေ့ခဲ့ပြီးပါပြီ။ အခုလည်း စိတ်ကျေနပ်စရာကောင်းလှတဲ့ Formula E ကားအသစ်ကြီးကိုထပ်မံတွေ့ရပြန်ပါပြီ။ ဒီ Formula E ကားအသစ်ကြီးဟာလည်း Nissan […]

Auto News

မကြာခင်ကျင်းပသွားဖို့ရှိနေတဲ့ Ford Myanmar ရဲ့ကားအရောင်းပြပွဲတစ်ခု

Ford Myanmar ဟာသူ့ရဲ့ နှစ်သစ်ကိုတော့ ကားအရောင်းပြပွဲတစ်ခုကျင်းပပြီး ဖြတ်သန်းတော့မှာပဲဖြစ်ပါတယ်။ အရောင်းပြပွဲကြီးကိုတော့ လာမယ့် ဧပြီလ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာပလာဇာမှာကျင်းပသွားမှာပါ။ ပွဲကျင်းပမယ့်အချိန်က နံနက် ၉ နာရီကနေ ည ၉ နာရီအထိဖြစ်ပြီး ပြပွဲမှာ Ford ရဲ့ Brand New ကားအသစ်ကြီးတွေကို မိတ်ဆက်ရောင်းချသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Ford အနေနဲ့ အရောင်းပြပွဲမှာ မိတ်ဆက်သွားမယ့် ကားအမျိုးအစားနဲ့ နာမည်အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိသေးပေမယ့် ပွဲမှာတကယ် ရင်ခုန်ရမှာကတော့ Giveaway အစီအစဉ်ပါ။ ၂၀၁၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး မေလ ၁ ရက်နေ့အတွင်း Ford Brand New ကားတွေ ဝယ်ယူခဲ့/ဝယ်ယူမယ့် မိတ်ဆွေတွေအနေနဲ့ Giveaway အစီအစဉ်ကိုပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ Giveaway ရဲ့ဆုကြီးကတော့ Ford […]

Auto News

လာမယ့်အတာသင်္ကြန်အတွက် ယာဉ်ထိန်းရဲအင်အား ၁ ထောင်ကျော်တာဝန်ထမ်းဆောင်သွားမည်ဟုဆို

မကြာခင်ကျရောက်လာမယ့်ရန်ကုန်သင်္ကြန်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ အများပြည်သူတို့လုံခြုံမှုအတွက် ကျန်းမာရေးအရခွင့်ယူသူတွေနဲ့ သင်တန်းကာလခွင့်ယူသူတွေ ကလွဲပြီး ယာဉ်ထိန်းရဲအင်အား ၁၀၄၉ ယောက်အထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ပြောကြားထားတာဖြစ်ပါတယ်။ ယာဉ်ထိန်းရဲအင်အား ၁၀၄၉ ယောက်တို့ ဟာ ရန်ကုန်တိုင်းဒေသရဲ့ အင်အားအကုန်ဖြစ်ပြီး အရာရှိ ၁၉၇ ယောက် အပါအဝင်ဖြစ်တယ်လို့ ဒုရဲမှူးသိန်းဉီးကပြောကြားခဲ့ပါတယ်။ ယာဉ်ထိန်းရဲတွေကို အများပြည်သူအပန်းဖြေတဲ့နေရာတွေ၊ မဏ္ဍပ်ရှေ့ နေရာတွေ၊ မီးပွင့်လမ်းဆုံလမ်းခွတွေ၊ မဏ္ဍပ်အလွန်အရှိန်ပြင်းပြင်းနဲ့မောင်းရင် သတိပေးနိုင်တဲ့နေရာမျိုးတွေမှာ စောင့်ကြပ်ရှု့သွားမှာပါ။ ဒါ့အပြင် ယာဉ်မှုစစ်တာဝန်၊ သူနာပြုတာဝန်တွေသာမက အရေးပေါ်အခြေအနေတွေ အတွက်လည်း ပြင်ဆင်ထားပါသေးတယ်လို့လဲ ဒုရဲမှူးသိန်းဉီးကပြောကြားခဲ့ပါသေးတယ်။ သင်္ကြန်အတွက်တာဝန်ပေးအပ်ခြင်းခံရတဲ့ ယာဉ်ထိန်းရဲမှူးတွေဟာ နံနက်ရေစတင်ကစားချိန်ကနေစပြီး ညပိုင်းဖျော်ဖြေရေးအစီအစဉ်ပြီးတဲ့အချိန်ထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ အခုလို လုံခြုံရေးဘက်ပိုင်းမှာ သေသေချာချာကို စီစဉ်ဆောင်ရွက်ထားတာဖြစ်တာကြောင့် မိဘပြည်သူတို့ အနေနဲ့ အတာသင်္ကြန်ကာလမှာ အေးအေးချမ်းချမ်းပျော်ပါးနိုင်တော့မှာဖြစ်ပါတယ်။   Via

Auto News

Honda Sensing Technology ကို ကားအစီးရေ ၁ မီလီယံ အထိထည့်သွင်းထားနိုင်ခဲ့ပြီဖြစ်တဲ့ Honda

လုံခြုံရေးစနစ်ပိုင်းကို အလေးအနက်ထားပြီးဖန်တီးလေ့ရှိတဲ့ Honda ဟာဆိုရင်တော့ သူ့ရဲ့ Avanced Technology တစ်ခုဖြစ်တဲ့ Honda Sensing Technology ကို ကားအစီးရေ ၁ မီလီယံအတိုင်းအတာအထိ လက်ရှိမှာထည့်သွင်းပြီးနေပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ Honda Sensing Tech ကတော့ Collision Mitigation Braking System (CMBS), Forward Collision Warning (FCW), Lane Keeping Assist (LKAS), Road Departure Mitigation (RDM), Adaptive Cruise Control (ACC) အစရှိတဲ့  Avanced Safety System တွေပေါင်းစပ်ထားတဲ့ Technology တစ်ခုပဲဖြစ်ပါတယ်။ System တစ်ခုချင်းစီတဲ့ အလုပ်လုပ်ပုံကတော့ အောက်ဆုံးမှာပါ 😁) Honda […]

Auto News

လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်တဲ့ကားတွေကို ဒဏ်ကြေးသတ်မှတ်ကောက်ခံ

သွင်းကုန်လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်မယ့်ကားတွေကို ရက်အလိုက် ဒဏ်ကြေးသတ်မှတ်ကောက်ခံသွားမှာဖြစ်ပြီး ရက် ၆၀ ကျော်မှ လာရောက် ID ဖွင့်မယ့်ကားတွေကိုတော့ သိမ်းဆည်းဒဏ်ကြေးအဖြစ်သတ်မှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID လာဖွင့်တဲ့ကားတွေကို သတ်မှတ်ရက်အကျော် ၇ ရက်အထိ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးမှာဖြစ်ပေမယ့် ၇ ရက်ကနေ ၁ လ အထိ သက်တမ်းကျော်လွန်သွားတဲ့ကားတွေကို 1/90AV, ၄၅ ရက်အတွင်းကားတွေကို 1/24AV နဲ့ ရက် ၆၀ အထိကားတွေကို 1/12AV အထိ ဒဏ်ကြေးအသီးသီးကောက်ခံသွားမှာဖြစ်ပြီး ရက် ၆၀ ကျော်သွားတဲ့ကားတွေကိုတော့ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း သိမ်းဆည်းဒဏ်ကြေးရိုက်ခံရမှာဖြစ်ပါတယ်။ ယခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေးအသစ်ကို မနှစ်ကကြေညာခဲ့တဲ့ အကောက်ခွန်ဒဏ်ကြေးအတိုင်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်တယ်လို့လဲ အကောက်ခွန်ဉီးစီးငှာနကပြောကြားထားပါသေးတယ်။

Auto News

၂၀၁၈ ရဲ့ Q1 မှာအရင်နှစ်ကထက်ရောင်းအား ၁၄.၁ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တဲ့ Volvo!

Premium Car Maker Volvo ရဲ့ ၂၀၁၈ Q1 (ဇန်နဝါရီ+ဖေဖော်ဝါရီ+မတ်) မှာတင် ရောင်းအား အခြေအနေက အရင် ၂၀၁၇ Q1 ကထက် ၁၄.၁ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ Volvo ဟာ Europe, China နဲ့ U.S အစရှိတဲ့စျေးကွက်တွေမှာ ဖြန့်ချီရောင်းချခဲ့တာဖြစ်ပြီး Q1 အတွင်းမှာရရှိခဲ့တဲ့ ရောင်းအားရလဒ်တွေကတော့ အောက်ပါအတိုင်းပါပဲ။ European Car of the Year နဲ့ World Car of the Year ဆုတွေကို အသီးအသီးရရှိထားတဲ့ XC40 နဲ့ XC60 တို့ဟာ ဆိုရင် ၂၀၁၈ Q1 မှာတင် ၁၄၇,၄၀၇ စီး ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် အစီးရေ […]

Auto News

Auto China 2018 မှာ လျှပ်စစ်ယာဉ် ၃ စီးကိုပြသသွားဖို့ရှိနေတဲ့ Nissan!

Nissan ဟာ ပေကျင်းမြို့မှာကျင်းပသွားမယ့် Auto China 2018 မှာ Electric Vehicle (EV) ၃ စီးကို ပြသသွားတော့မှာပဲဖြစ်ပါတယ်။  Nissan Leaf, Nissan IMx Kuro နဲ့ Nissan Terra အစရှိတဲ့ EV တွေကိုပြသသွားမှာပါ။ အဲ့လို EV line-up ကြီးကို တရုတ် Auto Show မှာ တစ်ပြိုင်တည်းပြသလိုက်တာဟာ Nissan ရဲ့တရုတ်စျေးကွက်မှာနေရာယူထားနိုင်မှုအတိုင်းအတာကိုဖော်ပြလိုက်သလိုပါပဲ။ Auto China 2018 မှာချပြသွားမယ့် မော်ဒယ်တွေဟာ Nissan ရဲ့ Midterm plan “Nissan M.O.V.E to 2022” နဲ့ တရုတ်မှာရှိတဲ့ Nissan ရဲ့မဟာမိတ်ကြီး Dongfeng Motor Group (DFG) […]

Auto News

၂၀၁၈ မတ်လရဲ့ရောင်းအားအခြေအနေကိုဖော်ပြလိုက်တဲ့ MITSUBISHI

MITSUBISHI ဟာ ၂၀၁၈ မတ်လ တစ်လလုံးမှာရောင်းချနိုင်ခဲ့တဲ့ ရောင်းအားအခြေအနေကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ မတ်လ တစ်လလုံးမှာ ၁၄,၃၁၉ စီးအထိရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၇ မတ်လတုန်းကထက် ၂၂ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၅ ခုနှစ်ကစပြီး MITSUBISHI ရဲ့ မတ်လ ရောင်းအား သမိုင်း တလျှောက်မှာလည်း အခု ၂၀၁၈ မတ်လ ဟာရောင်းအားအကောင်းဆုံး ဖြစ်နေတယ်လို့လဲဆိုထားပါတယ်။ လက်ရှိ MITSUBISHI မှာ On fire အဖြစ်ဆုံးကောင်ကတော့ Outlander Sport ပဲဖြစ်ပါတယ်။ Outlander Sport ဟာဆိုရင် အခု ၂၀၁၈ မှာသာမက ၂၀၁၇ တုန်းကလည်း ရောင်းအားအကောင်းဆုံးယာဉ်အဖြစ်ရပ်တည်ခဲ့တာပါ။ ဒါ့အပြင် Outlander Sport ၂၀၁၈ ရဲ့ရောင်းအားဟာ ၂၀၁၇ […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories