September 22, 2018

We ❤️ New Cars!

New Car News in Burmese

MMNA အတွက် President, CEO အသစ်ကိုတရားဝင်ကြေညာလိုက်ပြီဖြစ်တဲ့ Mitsubishi Motors Corp

Mitsubishi Motors Corp (MMC) ဟာ Mitsubishi Motors North America (MMNA) အတွက် President နဲ့ CEO အသစ်ကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပဲ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ MMNA ရဲ့ လက်ရှိ CEO ဖြစ်တဲ့ Ryujiro Kobashi နေရာမှာ Fred Diaz ကို CEO အသစ်အဖြစ် ၂၀၁၈ ဧပြီ ၁ ရက်နေ့ကစတင်ပြီးအစားထိုးတော့မှာပဲဖြစ်ပါတယ်။ Fred Diaz ဟာ U.S မှာ မာကတ်တင်းအပိုင်း၊ ဝယ်သူတွေနဲ့ဆက်ဆံပြောဆိုတဲ့အပိုင်းကို၂၉ နှစ်တာလုပ်ကိုင်ဖူးသူတစ်ဉီးပါ။ ပေါ့သေးသေးတော့မဟုတ်ဘူးဗျ။ ဒီလွှဲပြောင်းမှုမှာ Mitsubishi Motors ရဲ့ Chief Operating Officer (COO) ဖြစ်သူ Trevor […]

Auto News

အထူးပရိုမိုးရှင်းအစီအစဉ်တွေနဲ့အတူစောင့်ကြိုနေတဲ့ CarDB Auto Show Mandalay 2018!

မန္တလာသီရိအားကစားကွင်း မှာ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းသွားမယ့်CarDB Auto Show Mandalay 2018 ဟာဆိုရင်တော့ ထူးခြားလှတဲ့ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ စောင့်ကြိုနေပြီပဲဖြစ်ပါတယ်။ Auto Show ကျင်းပမယ့် ၃ ရက်ကနေ ၅ ရက်နေ့ ၂ ရက်တာကာလ ဆက်တိုက်ကို ကံစမ်းမဲဖောက်ပေးသွားမယ့် ပရိုမိုးရှင်းအစီအစဉ်ပဲဖြစ်ပါတယ်။ ကံစမ်းမဲအတွက်ပါဝင်မယ့်ပစ္စည်းတွေကတော့ ဆိုင်ကယ် အသစ်စက်စက်, FNI အာမခံလုပ်ငန်းမှ ၁၀ သိန်းတန် အသက်အာမခံ Gift Voucher, Mi 5X လက်ကိုင်ဖုန်း, ၄ သိန်းတန် စိန်နဲ့မြ မွှေ့ယာအကောင်းစားကြီး၊ Kenso Air Con, Kenso Stabilizer, Polar Star GPS, Shell Advance Motor Cycle Engine […]

Auto News

ဖေဖော်ဝါရီလ၂၄ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တဲ့ Suzuki Myanmar Car Showroom အသစ်

Suzuki Myanmar အနေနဲ့ သူ့ရဲ့ Car Showroom အသစ်ကို ပြီးခဲ့တဲ့ စနေနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကပဲ နေပြည်တော်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နေပြည်တော် အမှတ် (၂၂) စစ်ကိုင်းလမ်းဇဝနသိဒ္ဒိရပ်ကွက်ဥတ္တရသီရိမြို့နယ် မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲကို ပြည်ထောင်စုလွှတ်တော်နာယက ဉီးမန်းဝင်းခိုင်သန်း နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဉီးသန့်ဇင်မောင် တို့က တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ Car Showroom အသစ်ဟာ Suzuki Myanmar Motor ရဲ့ ၂၅ ခုမြောက် ပြည်တွင်း Showroom ဖြစ်ပြီး နေပြည်တော်မှာတော့ ၃ ခုမြောက် Car Showroom ဖြစ်တယ်လို့ဆိုထားပါတယ်။ အခုလက်ရှိပြည်တွင်းမှာ ရောင်းအားအကောင်းဆုံးအဖြစ်ရပ်တည်နေတဲ့ Suzuki ကားတွေကတော့ Ertiga နဲ့ […]

Auto News

ထူးခြားလှတဲ့ Hyundai Sonata 2018 ရုပ်ထွက်

Hyundai Sonata ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ၂၀၁၈ မော်ဒယ်ရုပ်ထွက်ကတော့ အရင်နှစ်တွေကနဲ့မတူညီပဲ ထူးထူးခြားခြားကွဲထွက်နေတာပဲဖြစ်ပါတယ်။ 2.0 MPi ဓာတ်ဆီအင်ဂျင်အမျိုးအစားနဲ့အတူ 6 Speed Automotive နဲ့စတင်မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ဆိုထား ပါတယ်။ တခြားနေရာဒေသအချို့မှာ ဝယ်ယူနိုင်ပြီဖြစ်ပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ “Coming Soon” အဆင့်သာရှိပါသေးတယ်။ Hyundai Sonata 2018 ရဲ့ထူးခြားလှတဲ့ရုပ်ထွက်တွေကတော့ 👇           Sonata ဟာ Hyundai ရဲ့ Mid-size Car ဖြစ်သလို အရောင်းရဆုံး Full-size Sedan ကားအမျိုးအစားထဲမှာပါဝင်ခဲ့ဖူးတာဖြစ်ပါတယ်။ ကောင်းမွန်လှတဲ့ဒီဇိုင်းအနေအထား၊ လုံခြုံမှုအားကောင်းမွန်မှု၊ နေရာကျယ်ဝန်းမှု၊ သက်သောင့်သက်သာရှိမှု စတဲ့အချက်တွေကြောင့် လူကြိုက်များပြီး ရောင်းချမှုအားကောင်းတဲ့ Sedan အမျိုးအစားဖြစ်နေတာလည်း မဆန်းပါဘူး။ Sonata ဟာ Sport […]

Auto News , New Models

စတင်ကျင်းပနေပြီဖြစ်တဲ့ Mitsubishi ရဲ့ 500 USD Cash Back ကားအရောင်းပွဲတော်

Mitsubishi အနေနဲ့ “500 USD Cash Back” ကားအရောင်းပွဲတော်ကြီးကို ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး Saint John City Mall မှာစတင်ကျင်းပနေပြီဖြစ်ပါတယ်။ ပွဲတော်ကျင်းပမယ့်ကာလကတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အထိပဲဖြစ်ပါတယ်။ “500 USD Cash Back” ဆိုတဲ့အတိုင်း ပြပွဲအတွင်း ဘယ်ကားသွားဝယ်ဝယ် USD 500 ပြန်လည်ရရှိမှာပါ။ တစ်ဖက်လှည့်ကြည့်ရင် ၅ သိန်းကျော်သက်သာနိုင်တဲ့အခွင့်အရေးလို့ဆိုရမှာပါ။ လက်ရှိ “Mitsubishi 500 USD Cash Back” ကားအရောင်းပွဲတော်မှာပြသနေတဲ့ ကားတွေကတော့ Mitsubishi ASX, MIRAGE နဲ့ PAJERO SPORT တို့ပဲဖြစ်ပါတယ်။ Mitsubishi Motors Myanmar facebook […]

Auto News

သက်တမ်း၂၀ နှစ်ပြည့်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်မအပ်နှံပါကအခွန်နှုန်းထားကောက်ခံခြင်းခံရမည်

ရန်ကုန်က သက်တမ်း ၂၀ ပြည့်ပြီးသားကားတွေဖြစ်တဲ့ ၁၉၉၈ မော်ဒယ်အောက်ကားတွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သွားရောက်မအပ်နှံရင် အခွန်နှုန်းထားပေးဆောင်ရမှာပဲဖြစ်ပါတယ်။ ၁၉၉၈ မော်ဒယ်ကားတွေရဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်နေသူ တာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်းပြောကြားထားပါတယ်။ ” ရန်​ကုန်​လိုင်​စင်​​ကို ခွဲတန်​းလက်မှတ်​​စနစ်​နဲ့​ ရောင်​းတဲ့အခါမှာ ရန်​ကုန်​မှာရှိ​နေတဲ့ နယ်​လိုင်​စင် ကား​တွေ​ရော၊ သက်​တမ်​း နှစ်​ ၂၀ ပြည်​့ပြီးကား​တွေကိုရော အခွန်​​ကောက်​တာ​တွေလုပ်​သွားမှာပါ။ ဒါကလည်​း အ​စတည်​းက ရာထားပြီး သားဖြစ်​ပါတယ်​။ အစိုးရအဖွဲ့ကို အဆင့်ဆင့် ​​တင်​ပြပြီးမှ လုပ်​ရမှာပါ။ ” Source :carsdb ၁၉၉၈ မော်ဒယ်ကားတွေမောင်းနှင်သူတွေကတော့ တော်တော်ရှားလှပါတယ်။ ကားဟောင်း အခွန်စနစ်ကလည်း မစတင်သေးတာကြောင့် သက်တမ်း ၂၀ အောက်ကားမော်ဒယ် ပိုင်ရှင်တွေအနေနဲ့ မိမိရဲ့ကားကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံဖို့အချိန်ကောင်းပါပဲ။ (အခွန်မဆောင်ချင်ရင်ပေါ့) ရန်​ကုန်​လိုင်​စင်​အတွက်​ Yangon Vehicle Quota […]

Auto News

U.S ကိုရောက်ရှိနေပြီဖြစ်တဲ့ Mitsubishi ရဲ့ 2018 Eclipse Cross မော်ဒယ်သစ်!

U.S မှာရှိတဲ့ Mitsubishi Motors North America ဟာတော့ 2018 Eclipse Cross CUVs မော်ဒယ်အသစ်တွေကို ပထမဉီးဆုံးလက်ခံရရှိခဲ့တဲ့ ကိုယ်စားလှယ်ပဲဖြစ်ပါတယ်။ 2018 Eclipse Cross CUVs မော်ဒယ်အသစ်ကို မြောက်အမေရိကန်မှာရှိနေတဲ့ Mitsubishi ရဲ့အရောင်းကိုယ်စားလှယ်အားလုံး လက်ခံရရှိသွားမှာဖြစ်ပြီး မတ်လ အစောပိုင်းလောက်မှာစတင်ရောင်းချသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Mitsubishi အနေနဲ့ စျေးနှုန်းကို USD 23,295 လောက်အထိ ခန့်မှန်းသတ်မှတ်ထားပါတယ်။ ခန့်မှန်းပြီးသတ်မှတ်ထားတာဖြစ်တာကြောင့် စျေးနှုန်းအပြောင်းအလဲကတော့ရှိမှာပါ။ 2018 Eclipse Cross CUVs မော်ဒယ်အသစ်ရဲ့ ထင်ရှားလှတဲ့ feature တွေကတော့ ခေါင်မိုးဖွင့်စနစ်၊ 1.5 လီတာ direct-injection turbo-engine၊ ၇ လက်မ စမတ်ဖုန်း အရွယ်ရှိတဲ့ touch audio ပါဝင်မှု နဲ့ […]

Auto News , New Models

CarDB Auto Show 2018 မှာပြသသွားမယ့်ကားတွေကိုသိပြီးကြပြီလား ?

မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် CarDB Auto Show 2018 မှာတော့ Ford, Jaguar/Land Rover, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot အစရှိတဲ့ ကားကုမ္ပဏီတွေက မိမိရဲ့ ကားမော်ဒယ်အသစ်ကလေးတွေကိုချပြမိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ Auto Show မှာပြသမယ့် ကုမ္ပဏီတစ်ခုချင်းစီရဲ့ ကားမော်ဒယ်တွေကတော့ -Ford မှာဆိုရင် Everest နဲ့ Ranger Double Cab XLT -Nissan မှာဆိုရင် Sunny, Urvan, Navara -Chevrolet မှာဆိုရင် Trailblazer, Suburban, Malibu, Cruze -Toyota မှာဆိုရင် Vios, Corolla, Camry, Hilux […]

Auto News

Fourth-generation 2019 Santa Fe ရဲ့အတွင်းပိုင်း/အပြင်ပိုင်းဒီဇိုင်းပုံရိပ်တွေကိုချပြလိုက်ပြီဖြစ်တဲ့ Hyundai!

Hyundai အနေနဲ့ SUV အမျိုးအစားဖြစ်တဲ့ Fourth-generation Santa Fe ရဲ့ပုံရိပ်ကို ပြီးခဲ့တဲ့ဇန်နဝါရီလ ကတစ်ခါချပြဖူးပါတယ်။ ပုံကအလင်းရောင်မဲ့နေတာကြောင့် ကားရဲ့ ပုံစံတောင်သေသေချာချာမပြောနိုင်တာကိုကြည့်ပြီးသူဆိုရင် သိပါတယ်။ အခု ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ Hyundai ဟာ Santa Fe အသစ်ရဲ့ အပြင်ပိုင်း/အတွင်းပိုင်း ဒီဇင်းပုံရိပ်စုံစုံလင်လင်ပါဝင်တဲ့ ပုံတွေကို ကျကျနနဖော်ပြလိုက်ပြီပဲဖြစ်ပါတယ်။                          Hyundai Santa Fe SUV အမျိုးအစားကိုတော့ နွေဉီးရာသီ မတ်လမှာအစပိုင်းလောက်မှာကျင်းပမယ့် ၈၈ ကြိမ်မြောက် INTERNATIONAL GENEVA MOTOR SHOW မှာတရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Santa Fe […]

New Models

နယ်လိုင်စင်ရပြီးကားများ ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူဖို့ခဲယဉ်းသွားမည်

ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူချင်နေတဲ့ နယ်လိုင်စင်ရကားအရေအတွက်တွေကများလွန်းတာ၊ ရန်ကုန်ကို တခြားပြည်နယ်နဲ့တိုင်းဒေသကြီးကကားတွေအများအပြားဝင်ရောက်လာမှာ နဲ့ YVQC ခွဲတမ်းလက်မှတ်တွေကို အသစ်ရောက်ရှိလာတဲ့ကားအရေအတွက်ကိုသာ ဉီးစားပေးမှု အစရှိတဲ့အကြောင်းတရားတွေကြောင့် နယ်လိုင်စင်ရပြီးကားများအနေနဲ့ ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူဖို့ ထင်ထားတာထက်ပိုမိုခဲယဉ်းတော့မှာဖြစ်ပါတယ်။ ရန်​ကုန်​လိုင်​စင် YVQC စနစ်​ လုပ်​​ဆောင်​​နေသူ တာဝန်​ရှိသူတစ်​ဦးကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။ “နယ်​လိုင်​စင်​ရပြီးသားကား​တွေ လတ်​မှတ်​ဝယ်​ပြီး ရန်​ကုန်​လိုင်​စင် ပြန်​လိုချင်​တယ်​ဆိုရင်​ ​နောက်​ပိုင်​းမှာ တစ်​ဖြည်​းဖြည်​း စဉ်းစား​ပေးမှာပါ။ ​ ပြည်​နယ်​တိုင်​းတွေက ကား​တွေများတဲ့အတွက်​ ​နောက်​ပိုင်​းကျမှ​ရောင်​းချ​ပေးမယ်​့ ရန်​ကုန်​လိုင်​စင် YVQC စနစ်​ ခွဲတန်​းထဲက အ​ရေအတွက်​နဲ့ပဲ ခွင်​့ပြု​မှာပါ။” Source :www.carsdb.com YVQC စနစ်​ ခွဲတန်​းလက်မှတ်​ရဲ့ သက်​တမ်​းကို နှစ်​ ၂၀ အထိ သတ်​မှတ်​ထားပြီး စျေးနှုန်းကတော့ ကားရဲ့ အင်ဂျင်ပါဝါအလိုက်ကွာဟသွားမှာဖြစ်ပါတယ်။ အင်ဂျင်ပါဝါနဲ့ စျေးနှုန်းပြည့်ပြည့်စုံစုံကိုတော့ မနေ့ကတင်ထားတဲ့ […]

Auto News

JOB ANNOUNCEMENT!

Categories